ဟာရှီဗာဒန် ကင်မ်ရှားရမာတို့ ချစ်သူတွေဖြစ်နေကြပြီလို့ ဆို

0
172

ဘောလိဝုဒ်မင်းသား ဟာရီဗာဒန်ရာနီနဲ့ ဘောလိဝုဒ်မင်းသမီးမော် ဒယ်လ်ကင်မ်ရှား ရမာတို့ နှစ်ဦးချစ်သူတွေဖြစ်နေတဲ့အကြောင်း ကာယကံရှင်တွေ ကိုယ်တိုင်က ဖော်ထုတ် ပြောဆိုလိုက်ကြလို့ ဘောလိဝုဒ်အသိုင်းအဝိုင်းကြားမှာ လူပြောသူပြော များနေတယ်လို့ ဆိုပါတယ်။


အစပိုင်းကာလတွေကတော့ နှစ်ဦးသားက သိုသိုသိပ်သိပ်ရှိကြတာ မို့  ဘာသတင်း အစအနမှထွက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ မကြာသေးခင်ကမှ ဟာရှီဗာဒန် ကိုယ်တိုင် လူမှုမီဒီယာပေါ် ရေးသားဖွင့်ချပြလိုက်မှ ပရိသတ်တွေ အံ့သြသွားခဲ့ရတာပါ။ သူနဲ့ ကင်မ်ချစ်သူတွေ ဖြစ်နေကြပြီလို့ ပြောဆိုလိုက်ပြီး သူတို့နှစ်ဦးအကြောင်း ဘာမှ ဖုံးကွယ်ထားစရာမရှိ ဘူးလို့လည်း ပြောပါတယ်။

ကင်မ်က သူ့ကိုပျော်ရွှင်စေတဲ့သူဖြစ်သလို့ သူ့ကို စိတ်ဓာတ်ခွန်အားတွေ အများ ကြီးပံ့ပိုးပေးခဲ့တယ်လို့ဆိုပါတယ်။ တကယ်တော့သူတို့နှစ်ဦးလုံးဟာ ငယ်ရွယ်သူတွေတော့ မဟုတ်ကြတော့ပါဘူး။ ဟာရီဗာဒန်က အသင် ၃၅ နှစ်အရွယ်ရှိနေပြီး ကင်မ် ကတော့ အသက် ၃၈ နှစ်အရွယ်ရှိနေ ပြီဖြစ်ပါတယ်။

ကင်မ်က မော်ဒယ်လ်အဖြစ် စတင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၂ဝဝဝ ခုနှစ်က ရိုက်ကူးတဲ့ “ mohabbatein” ဇာက်ကားနဲ့ ဘောလိဝုဒ်ကို စပြီး ခြေချခဲ့သူဖြစ်ပါတယ်။

Ref:Etime


LEAVE A REPLY

Please enter your comment!
Please enter your name here