မဏိပူရ်ယဉ်ကျေးမှု အကအဖွဲ့ရဲ့ ပဉ္စမအကြိမ်မြောက် အနုပညာကပွဲ မန္တလေးမြို့မှာ ကျင်းပ

0
296

မန္တလေးမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးနှင့် Jawaharlal Nehru Dance Academy တို့ပူးပေါင်း၍ မြန်မာ-အိန္ဒိယ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးနှင့် ချစ်ကြည်ရေးအစီအစဉ်အရ မဏိပူရ်ယဉ် ကျေးမှုအကအဖွဲ့၏ 5th International Sankirtan Day ဖျော်ဖြေပွဲတော်ကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမျိုးသားဇာတ်ရုံတွင် ပြုလုပ်ခဲ့ပါတယ်။

အနုပညာကပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ ကသည်းလူမျိုးတွေ သူတို့ရဲ့ ယဉ်ကျေးမှုတွေ ပြန်လည်သတိရပြီး မမြင်သေးတာတွေ တင်ဆက်ပြသပေးတဲ့ အနုပညာ ကပြဖျော်ဖြေပွဲဖြစ်ပြီး မြန်မာ-အိန္ဒိယယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး နှင့် ချစ်ကြည်ရေး အစီအစဉ်အရ ကျင်းပခြင်းဖြစ်ပါတယ်။

အနုပညာဖျော်ဖြေပွဲမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ယဉ်ကျေးမှုအက အဖွဲ့ ၇ ဖွဲ့တို့၏ အိန္ဒိယရိုးရာကျေးလက်အကငါးမျိုးတို့ဖြင့် အစီအစဉ် အတိုင်း ကပြဖျော်ဖြေခဲ့ကြောင်း သိရှိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here