၂ဝ၁၈ ခုနှစ်အတွက် Shwe FM မှ ချီးမြှင့်တဲ့ အကျော်ကြားဆုံး တေးရေးဆုကို ရရှိခဲ့သူတေးရေး ဝေကြီး

0
329

တေးရေးဆရာ ဝေကြီးကတော့ ၂ဝ၁၈ ခုနှစ်အတွက် Shwe FM မှ ချီးမြှင့်တဲ့ အကျော်ကြားဆုံး တေးရေးဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆုကိုရရှိခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားမှုတချို့ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

”အဓိကတော့ ပရိသတ်ပေါ့နော်။ ကျွန်တော့်သီချင်းတွေကို နားထောင် ပေးတဲ့ ပရိသတ်တွေကြောင့် ဒီဆုလေးကိုရတာဖြစ်တဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ မထင်မှတ်ဘဲရခဲ့တဲ့ဆုဖြစ်တဲ့အတွက်လည်း တအားပျော်မိ တယ်။ ဒီဆုနဲ့ တန်အောင်လို့လည်း ကြိုးစားသွားမှာပါ” လို့ပြောပြခဲ့ပါတယ်။

အခုလိုအောင်မြင်တဲ့ တေး ရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် ဖြစ်သန်း ခဲ့ရတဲ့ သူ့ရဲ့အနုပညာဖြတ်သန်းမူတချို့ကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ-

”အခက်အခဲတွေကတော့ အများကြီးဘဲ။ ပြည့်စုံတဲ့သူဆိုတော့ ကောင်းတာပေါ့ နော်။ ကျွန်တော်ကတော့ အစကတည်းကမပြည့်စုံခဲ့လို့ ဒီလိုမျိုးဘဝကို ရောက်လာတာ လို့ပဲခံယူပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်သာပြည်စုံခဲ့လိုရှိရင် ပေါ့မှာပေါ့။ မပြည့်စုံတဲ့ ဘဝကကြိုးစားလာရတဲ့အခါမှာ နာစရာလေးတွေရှိတယ်။ နာစရာလေးတွေ ကြောင့်လည်း ဒီလိုမျိုးဖြစ်လာတာပါ။ ငတ်ငတ်ပြတ်ပြတ်နဲ့ လုပ်လာရတဲ့ အချိန်တွေ လည်းရှိခဲ့ဖူးတယ်။ လစာနည်းနည်းလေးနဲ့ ဂီတာတီးခဲ့တဲ့ ဘဝတွေလည်ရှိခဲ့ဖူးတယ်။ ဒါတွေကတော့ ဘဝနာစရာဆိုပေမယ့် တစ်နည်းအားဖြင့်ကောင်းပါတယ်” လို့ ပြောပြခဲ့ပါတယ်။ သူကတော့ ပျော်စရာမိသားစု တစ်ခုကိုလည်း ပိုင်ဆိုင်ထားသူပါ။ ဒီလိုအနေအထားကိုရောက်လာဖို့ မိသားစုရဲ့ပံ့ပိုးမှုတွေပါခဲ့လားလို့ ဆက်လက်မေးမြန်း ခဲ့ပါတယ်။

”ကိုယ်ကြိုးစားပြီးသီချင်းတွေ ရေးရတဲ့အခါမှာ အနောက်ပိုင်းလွတ်တာတွေရှိတာ ပေါ့နော်။ မိသားစုကျတော့ အနောက်ပိုင်းတွေကို ထိန်းပေးထားတယ်ဆိုတော့ သူတို့လည်း တစ်စိတ်တစ်ဒေသ ပါဝင်ပါတယ်။ ကျွန်တော်ကရှေ့မှာအလုပ်လုပ်တယ်။ မိသားစုက နောက်မှာ ထိန်းပေးထားတယ်ပေါ့။ အဓိကတော့ ပညာသမားဆိုတာမိသားစုနဲ့ ညှိနှိုင်း ရတာပေါ့။ အနုပညာ အရမ်းလောဘကြီးလာရင် ထမင်းဟင်းတောင် မေ့တာဆိုတော့လည်း အဓိကတော့ နားလည်မူယူရတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here