Chatrium ဟိုတယ်က ”Try Your Christmas Luck!” ဓာတ်ပုံ ပြိုင်ပွဲကျင်းပမည်

0
124

Chatrium Hotel မှ အလှဆင်ထားသော မီးများနှင့်အတူ ဓာတ်ပုံရိုက်ရင်း နှစ်သစ်ကိုကြိုဆိုရန်အတွက် ”Try Your Christmas Luck!” ဓာတ်ပုံ ပြိုင်ပွဲကို ပြုလုပ်ထားကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲတွင် Love React အများဆုံးရရှိသော ပို့စ်အား ဆုရရှိသူအဖြစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် Chatrium Hotel Royal Lake Yangon Official Facebook Page မှ ရွေးချယ်ကြေ ညာပေးသွားမည်ဖြစ်ပြီး နှစ်သစ်လက်ဆောင်အဖြစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် Chatrium Hotel ၌ ကျင်းပမည့် “Chatrium New Year’s Eve Mamma Mia Story” ပွဲသို့ တက်ရောက်ခွင့် လက်မှတ် (၂) စောင် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရန် သတ်မှတ်ချက်များအနေနဲ့ကတော့ (၁) Chatrium Hotel Royal Lake Yangon ၏ Official Page ကို Like လုပ်၍ Photo Contest Post ကို Share ပေးရပါမည်။ (၂) Photo Contest ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် Chatrium Hotel တွင် အလှ ဆင်ထားသော Festive Decoration များနှင့်အတူ ရိုက်ထားသည့် အလှ ဓာတ်ပုံများကို “Chatrium New Year’s Eve Mamma Mia Story” Event Page သို့ဝင်ရောက်ပြီး #ChatriumNewYear #ChatriumXmas2018 #Road2MammaMiaStory2018 ဟု ရေးသား၍ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၂၅ ရက်နေ့ ၂ဝ၁၈ ခုနှစ်အတွင်း ပို့စ်လုပ်ပေးရပါမည်။ (၃) ပြိုင်ပွဲဝင်ရန် တင်ထားသော Post ကို Screenshot ရိုက်၍ ကြေညာချက် ပို့စ်အောက်တွင် comment ပေးရမည်ဖြစ်ပါသည်။ (၄) ဤပြိုင်ပွဲအား Chatrium Hotel and Residences အတွင်းရှိ ဝန်ထမ်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။ (၅) အငြင်းပွားဖွယ် တစ်စုံတစ်ရာ ကိစ္စပေါ်ပေါက်ခဲ့လျှင် Chatrium Hotel Royal Lake Yangon ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here