နှစ်သစ်မှာ အလှူလုပ်တဲ့ ခိုင်နှင်းဝေ

0
305

ပရဟိတ အလှူတွေ လုပ်နေရရင် ပျော်နေတဲ့ ခိုင်နှင်းဝေက နှစ်သစ် အလှူအနေနဲ့ ဇန်နဂါရီလ ၁ရက်နေ့က မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ ချို့တဲ့သော အိမ်ခြေ ၃၀၀ ခန့်စာအတွက် ခေါင်းအုံး၊ စောင်၊ ပန်းကန်၊ ဆပ်ပြာ၊ ကြာဇံထုပ်၊ အဝတ်အစားများ၊ ငါးခြောက်ထုပ်နှင့် အိမ်တွင်းသုံး ပလတ်စတစ်ပစ္စည်းများကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကွက်အတွင်းရှိ ဆေးဖိုးလိုအပ်နေသော အဘွားကို ၃သောင်းကျပ်နှင့် အိမ်ထောင်စု လှူစဉ်က လှူဒါန်းခဲ့သော အဘွားအတွက် ၂သောင်းကျပ်တို့ကို ဆေးဝါးကုသနိုင်ရန်အတွက် လှူဒါန်းခဲ့ပါတယ်။ ခိုင်နှင်းဝေက ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက် လုပ်တတ်သူပါ။ နောင်လဲ ချိုတဲ့နေတဲ့ ပြည်သူတွေကို ဆက်လက်လှူဒါန်းသွားဖို့ အစီအစဉ်တွေလည်း ရှိပါသေးတယ်။ အခုလို ပရဟိတတွေကို အားသွန်ခွန်စိုက် လုပ်ဖြစ်နေတဲ့ အကြောင်းရင်းကိုတော့ ခိုင်နှင်းဝေက . . .

“ပရဟိတ အကြောင်းပြောရင် အစ်မတအားအားပါတယ်။ အလှူရှင်တွေကို ပြောပြရင်လည်း မျက်ရည်ထွက်တယ်။ အဲ့ဒီလို ပရဟိတ အကြောင်း ပြောရင်ကို စိတ်ကမရဘူး။ လုပ်ရင်းနဲ့ သူတို့တွေရဲ့ ပီတိတွေကို မြင်ပြီး ထပ်ထပ်လုပ်ပေးချင်တဲ့ စိတ်စေတနာတွေ ပြောင်းလဲလာတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ ခိုင်နှင်းဝေက ပရဟိတ အလုပ်တွေကို လုပ်ရင်းနဲ့ အဖွဲ့အစည်းတွေက ချီးမြှင့်တဲ့ ဆု ၄ ဆုလည်း ရရှိထားသူပါ။ ပရဟိတ အလုပ်တွေနဲ့ ပြည်သူတွေကို ပေးဆပ်ရင်း သူ့ရဲ့ဘဝကို ကုန်ဆုံးသွားဖို့လည်း ဆုံးဖြတ်ထားပါတယ်။ နောက်ပိုင်းမှာလဲ မြေကွက် တစ်ကွက်ဝယ်ပြီး ဂေဟာတည်ထောင်သွားဖို့လည်း စိတ်ကူးနေပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here