နှစ်သစ်မှာ အကယ်ဒမီရွှေကြယ်ကို ရွှေတိဂုံဘုရားမှာ လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်

0
416

သရုပ်ဆောင် ခိုင်သင်းကြည်က ‘စုန်းပြူး’ ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုမှ ရွှေကြယ်ကို ရွှေတိဂုံဘုရားမှာ ဇန်နဂါရီ ၂ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။ နှစ်သစ်အစဖြစ်တဲ့ ဇန်နဝါရီ ၁ရက်နေ့မှာ လှူဒါန်းဖို့ ရည်ရွယ်ထားပေမယ့် မအားတဲ့ အတွက်ကြောင့် ဇန်နဝါရီ ၂ရက်နေ့မှာ လှူဒါန်းဖြစ်ခဲ့တာပါ။ နှစ်သစ်မှာ အခုလို လှူဒါန်းဖြစ်ပုံကိုတော့ ခိုင်သင်းကြည်က . . .

“ဒီနေ့မှ နှစ်သစ်အလှူလေး လုပ်ဖြစ်တယ်။ မနေ့က ခရီးကအပြန် လမ်းမှာ ကားတွေပိတ်ပြီး နောက်ကျသွားလို့ ဘုရားလည်း မသွားလိုက်ရဘူး။ ဒီအကယ်ဒမီ ရွှေကြယ်လေးကို နှစ်သစ်မှာ လှူဖို့အတွက် ရက်စွဲလေး ထိုးထားတာပါ။ အဲ့ဒီ့တုန်းက ပရိသတ်တွေ တအားရစေချင်ပြီး ဆုတောင်းပေးခဲ့ကြလို့ ရခဲ့တယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ပရိသတ်တွေရဲ့ အလှူလို့လည်း ပြောလို့ရပါတယ်” လို့ ပြောပါတယ်။ ခိုင်သင်းကြည်က ‘ကောင်းကျိုးကိုယ်၌ တည်စေမင်း’ ဇာတ်ကားနဲ့ ဒုတိယရရှိတဲ့ အကယ်ဒမီ ရွှေကြယ်ကိုတေ့ မှော်ဘီရှိ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ လှူဒါန်ထားပြီး ဖြစ်ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here