ဒီခေတ်မှာ အိမ်ထောင်ဦးစီး တစ်ယောက်တည်း အလုပ်လုပ်ပြီး တစ်မိသားစုလုံး ထိုင်စားလို့ မရတော့ဘူးဆိုတဲ့ သက်မွန်မြင့်

0
240

ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးမှုတွေ ရရှိထားသလို ပျော်ရွှင်စရာ မိသားစု တစ်ခုကိုလည်း ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် သက်မွန်မြင့်ပါ။ သားလေးတစ်ယောက်နဲ့ သမီးလေး တစ်ယောက် မိခင်ဖြစ်တဲ့သူ့ကို ကလေးတွေကို ပြုစုပျိုးထောင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

“ဒီဘက်ခေတ်မှာက အရင်လို အိမ်ထောင်ဦးစီး တစ်ယောက်တည်း အလုပ်လုပ်ပြီး တစ်မိသားစုလုံး ထိုင်စားလို့ရတဲ့ဘဝဆိုတာ မရှိတော့ဘူး။ နှစ်ယောက်လုံး အလုပ်လုပ်ရတယ်။ အဖေရော၊ အမေရော၊ စီးပွားရေး လုပ်နေရတဲ့ အချိန်မှာ ကလေးတွေကို ဂရုမစိုက်နိုင်တာ များတယ်။ ကလေးတွေကို Baby Sitter တွေနဲ့ ထားရတာတွေရှိတယ်။ Baby Sitter တွေကတော့ စေတနာရှိတယ်။ ကလေးချစ်တတ်တယ်။ တစ်ချို့ဆိုရင် ကလေးကို ဖုန်းပေးလိုက်လို့ ငြိမ်သွားရင်ပြီးရော လိုက်လျောတာတွေလည်း ရှိတယ်။ မိဘတွေ အနေနဲ့ကတော့ ပိုပြီး ဂရုစိုက်ရတာပေါ့။ ဖုန်းတွေဘာတွေ ပေးကိုင်တယ် ဆိုတာက ကောင်းတာလည်းရှိတယ်။ ကလေးသီချင်းလေးတွေ ဖွင့်ပေးလိုက်ခြင်းအားဖြင့် သွားတိုက်ချင်လာတာပဲဖြစ်ဖြစ် ပုံပြင်နားထောင်တာပဲဖြစ်ဖြစ် ဒီသီချင်းလေးတွေဆိုပြီး သူတို့ မှတ်ဉာဏ်တွေ တိုးတက်လာမယ်။ အဓိကကတော့ စည်းကမ်းနဲ့ ထိန်းနိုင်ရင် ပိုကောင်းတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here