ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ် ခဏနားခဲ့ရတဲ့ တိုင်ရွန်

0
146

မော်ဒယ်လ် သရုပ်ဆောင် တိုင်ရွန်ကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ အဆက်မပြတ် ရိုက်ကူးနေပြီး ဒီဇင်ဘာ ၃၀ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ သူ့ရဲ့ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။ တိုင်ရွန်ဟာ ဝက်သက်ပေါက်ခဲ့တဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အလုပ်ခဏနားခဲ့ရတဲ့ အကြောင်းကို “ကျွန်တော် ဝက်သက်ကို ငယ်ငယ်တုန်းကလည်း ပေါက်ဖူးတယ်။ အခုကြီးတဲ့ အချိန်မှာလည်း ထပ်ပေါက်တယ်ဆိုတော့ ခန္ဓာကိုယ်ခံနိုင်ရည် အားနည်းနေတဲ့ အချိန်မှာ ကျွန်တော့ တပည့်တစ်ယောက်က ဝက်သက်ပေါက်သွားတဲ့ အချိန်မှာ ကျွန်တော့်ကို ကူးစက်သွားတာပါ။ ကူးစက်ရောဂါတ်မျိုးပါပဲ။ ကျွန်တော် ဖြစ်သွားတဲ့ အချိန်မှာ ရိုးရိုးအဖျားဆိုပြီး ကုရင်းနဲ့ အဖျားနည်းနည်း သက်သာတဲ့ အချိန်မှာ မနက်အစောကြီး ရေချိုးလိုက်တဲ့ အခါမှာ လက်တွေကို ကြည့်လိုက်တဲ့အခါမှာ အနီစက်တွေကို တွေ့လိုက်ရတယ်။ အဲ့ဒီ့အချိန်မှာ ဆေးရုံတွေသွားပြီး ကုသမှု ခံယူခဲ့ရပါတယ်။ ကျွန်တော် နေမကောင်းတဲ့ အချိန်မှာ အလုပ်တွေကလည်း တောက်လျှောက် ရှိတာဆိုတော့ တော်တော်တော့ အဆင်မပြေ ဖြစ်သွားတယ်။ အခုထိ အဆင်မပြေ ဖြစ်နေတာပေါ့။ ပိုက်ဆံပြန်ပေးလိုက်ရတဲ့ အလုပ်တွေလည်း ရှိသလို၊ ဖျက်လိုက်ရတဲ့ အလုပ်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ အဲ့ဒီ့အတွက် စိတ်မကောင်းပါဘူး။ မသွားလိုက်ရတဲ့ လူမှုရေးပွဲလေးတွေလည်း ရှိတဲ့အတွက် အကုန်လုံးကို တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

မော်ဒယ်လ် သရုပ်ဆောင် တိုင်ရွန်က လတ်တလောမှာတော့ “ကြောက် ကြောက် ကြောက် ၂” ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုး၊ ထွန်းထွန်းတို့နဲ့ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here