၂၀၁၉ မှာအချစ်နဲ့ တွေ့ချင်သူ မေမြင့်မိုရ်

0
410

ဇာတ်လမ်းတွဲတွေမှတစ်ဆင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိလာတဲ့ အနုပညာရှင်ကတော့ မေမြင့်မိုရ်ပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲကို ပြသပြီးချိန်မှာ ပရိသတ်တွေက အားပေးကျတာနဲ့ ပတ်သက်ပြီး မေမြင့်မိုရ်က . . .

“ပုဂံမြို့သူ ရိုက်တဲ့အချိန်မှာလည်း ညီမတို့ တစ်ဖွဲ့သားလုံး မျှော်လင့်ပြီး ရိုက်ခဲ့တယ်။ အများကြီး ကြိုးစားပြီး ရိုက်ခဲ့တယ်။ ဒီကားလေးက ပရိသတ်ရင်ထဲမှာ ရသလေးတစ်မျိုး ကျန်ခဲ့တယ်ဆိုတော့ တအားပျော်တယ်။ ပင်ပန်းရကျိုးလည်း နပ်ခဲ့တယ်။ ပရိသတ်တွေ အားပးတဲ့ အတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ပုဂံမြို့သူ ဇာတ်လမ်းတွဲမှ အတူတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒေါင်းနဲ့ ထူးအောင်တို့ အကြောင်းကိုလည်း “ကိုဒေါင်းက စိတ်နည်းနည်းကောက်တတ်တယ်။ စိတ်တိုတတ်တယ်။ စိတ်ကြီးတယ်။ ကိုထူးအောင်က နည်းနည်း ပျော်ပျော်နေတတ်တယ်။ နှစ်ယောက်လုံးကတော့ သိပ်မကွာပါဘူး။ အတူတူပါဘဲ။ လေးလလုံးလုံး အတူတူရှိခဲ့တော့ နှစ်ယောက်စလုံးနဲ့ စိတ်ဆိုးလိုက် ပြန်ခေါ်လိုက်နဲ့ သူငယ်ချင်းတွေ ဖြစ်နေပါပြီ” လို့လည်း မေမြင့်မိုရ်က ပြောပြခဲ့ပါတယ်။

“၂၀၁၈ က Lucky Year ပါ။ မေ့ရဲ့ ရုပ်ရှင်ကားတွေလည်း ရုံတင်ဖြစ်တယ်။ အရိပ်နဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲလည်း ပြဖြစ်တယ်။ ၂၀၁၉ မှာ ၂၀၁၈ ထက် ပိုပြီးတော့ ကံကောင်းချင်ပါတယ်။ ၂၀၁၉ မှာ ဇာတ်လမ်းတွဲတွေ ထပ်ရိုက်မယ်။ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ဖို့တွေရှိတယ်။ ၂၀၁၈ က ကံကောင်းခြင်းတွေကို ၂၀၁၉ ကို သယ်သွားချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး မေမြင့်မိုရ်က “၂၀၁၉ မှာ နှစ်ယောက်ဖြစ်ချင်တယ်။ ကိုယ့်စိတ်ထဲမှာ ချစ်တဲ့ ပုံစံမျိုးလေးတော့ ရှိတယ်။ ၂၀၁၉ မှာ ရှာကြည့်မယ်။ မတွေ့ရင် ၂၀၂၀ ဆက်သွားမယ်။ တစ်ယောက်တည်း အပျိုကြီးတော့ မလုပ်ပါဘူး။ အခုအချိန်ထိတော့ တစ်ယောက်တည်းပါပဲ” လို့ ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here