ရှေ့နှစ်ထဲမှာ အနုပညာ အလုပ်တွေ ပိုလုပ်သွားမယ့် မိုးယံဇွန်

0
109

မိုးယံဇွန်က ၂၀၁၈ ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့ အနုပညာတွေကို ၂၀၁၉ ခုနှစ်မှာ ပြသခွင့် ရတော့မှာ ဖြစ်တာကြောင့် သူ့အနေနဲ့ ပျော်နေမိတယ်လို့ ဆိုလာပါတယ်။ သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေကို သူ့ရဲ့ပရိသတ်တွေ အနေနဲ့ ကြည့်ရှုရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာတော့ အရင်နှစ်တွေကထက် အနုပညာ အလုပ်တွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ပရိသတ်တွေနဲ့လည်း ထိတွေ့မှု ပိုများအောင် ကြိုးစားသွားမယ်လို့ သူကပြောပါတယ်။

“၂၀၁၉ ခုနှစ်ထဲမှာတော့ ကျွန်တော် အလုပ်တွေ ပိုလုပ်မယ်။ အလုပ်တွေ ပိုလုပ်မှပဲ အဆင်ပြေမယ့် အနေအထား ဆိုတော့လေ။ ကျွန်တော်က ၂၀၁၈ ခုနှစ်ထဲမှာပဲ အလုပ်ကို ပြန်လုပ်ဖြစ်တာလေ။ ၂၀၁၆၊ ၂၀၁၇ ခုနှစ်က ကျွန်တော် နားထားခဲ့တယ်။ နားထားတယ်ဆိုတာက အရှင်းမလုပ်ဖြစ်တာလည်း ပါတယ်။ နယ်တွေသွားတယ်။ ဖျော်ဖြေရေးတွေပဲ ကျွန်တော် လုပ်ဖြစ်တယ်။ ရိုက်ကူးရေးတွေ သိပ်မလုပ်ဖြစ်ဘူး။ ၂၀၁၈ ခုနှစ်ထဲကျမှ ရိုက်ကူးရေးတွေ လုပ်လာတာ ဖြစ်ပါတယ်” လို့ မိုးယံဇွန်က ပြောပါတယ်။ မိုးယံဇွန်က ချစ်သူရှိနေပြီဖြစ်ပေမယ့်လည်း ဘယ်သူဆိုတာကိုတော့ ထုတ်ဖော်မပြောထားပါဘူး။

၂၀၁၉ ခုနှစ်ထဲမှာ ထုတ်ဖော်ပြောပြဖို့ အစီအစဉ်ရှိလားလို့ မေးတော့ . . .

“မပြောသေးပါဘူး။ ဒီအတိုင်းပဲနေတာ ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော် အေးအေးဆေးဆေးပဲနေတယ်။ ၂၀၁၉ ခုနှစ်ထဲမှာတော့ ကျွန်တော် အေးအေးဆေးဆေးပဲနေတယ်။ ၂၀၁၉ ခုနှစ်ထဲမှာတော့ ကျွန်တော့် မင်္ဂလာသတင်းကြားရဦးမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရှေ့မှာ စီနီယာတွေ အများကြီး ရှိသေးတယ်။ အစ်ကိုတွေလို ခင်ရတဲ့ ကိုခန့်တို့၊ ကိုဖိုးချစ်တို့၊ ကိုစိုင်းတို့ သူတို့တွေတောင် မတုန်မလှုပ်နဲ့ ဒီအတိုင်းပဲ အေးဆေးပဲနေနေကြတာလေ။ သူတို့က ကျွန်တော့် အစ်ကိုတွေလို ဖြစ်နေတော့ နောက်ကား ကျော်တက်သွားလို့ မဖြစ်ဘူးလေ။ သူတို့တွေကိုပဲ စောင့်လိုက်ပါဦးမယ်” လို့ မိုးယံဇွန်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here