နှင်းဆီအဖွဲ့အနေနဲ့ ၁၂နှစ်ကြာ တဲ့ အထိကြာရှည်စွာရပ်တည်နေနိုင် ခြင်းက စည်းလုံးညီညွတ်မှု အား ကောင်းတာကြောင့်ပဲဖြစ်ကြောင်း ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်း ဖြစ်) က ပြောပါတယ်။ ၁၂နှစ်ကာ လအတွင်းမှာ နှင်းဆီအဖွဲ့က လူအ ပြောင်းအလဲအနည်းအငယ်ကလွဲလို့ ကျန်တာ အားလုံးအပြောင်းအလဲမရှိ ခဲ့ပါဘူး။ နောက်ပိုင်းမှာလည်း နှင်း ဆီအဖွဲ့အနေနဲ့ ဒီလူအတိုင်းပဲရှိမှာ ဖြစ်ပြီး လူထပ်တိုးဖို့အစီအစဉ်မရှိပါဘူးလို့ သိရပါတယ်။
”ကျွန်တော်တို့အနေနဲ့ နောက် ထပ်မျိုးဆက်လေးတစ်ခုပေါ့။ မျိုး ဆက်ဆိုတာက ဆယ်ကျော်သက်လေး တွေကို မွေးပြီးတော့ ဒီနှင်းဆီကလူ တွေကပဲ သူတို့ကိုသင်ပေးသွား ပြီးတော့ နောက်ထပ်မျိုးဆက် တစ်ခု ကို ပျိုးထောင်ပေးသွားတာမျိုးလုပ် ဖြစ်လိမ့်မယ်။ ဘာပဲပြောပြော အဲဒါ က ချစ်စရာကောင်းတဲ့ လက်လွှဲ လက်ပြောင်းတဲ့သဘောလေးပေါ့။အဲဒီကလေးတွေကလည်း အဲဒီလိုပဲ ဆက်ပြီး လုပ်သွားရမယ်။ ဦးမျိုးမ ရှိတော့ရင်တောင်မှ ကျန်တဲ့ဒီရှိတဲ့ လူတွေက အကုန်လုံး လုပ်လို့ရတယ်။ ပြီးရင် အဲဒီကလေးတွေက နောက် လူကိုလက်ဆင့်ကမ်းသွားရမယ်။ ဒါပေမဲ့ ကမ်းသွားတိုင်းမှာ နှင်းဆီရဲ့ ငာေါနကို ကျသွားအောင်လုပ်လို့ မရဘူး။ ပိုကောင်းအောင်ပဲလုပ်သွားရမယ်။ ဘာကြောင့်လည်းဆိုတော့ မရှိတော့တဲ့လူတွေကို အားနာရမယ်” လို့ နှင်းဆီအဖွဲ့နဲ့ပတ်သက်လို့ ရေ ရှည်အစီအစဉ်ကို ဒါရိုက်တာ မောင် မျိုးမင်း (ရင်တွင်းဖြစ်)ကပြောပြပါ တယ်။
နှင်းဆီအဖွဲ့ရဲ့ နှင်းဆီခြုံတဲ့ပဝါ အငြိမ့်ကိုတော့ ဇန်နဝါရီလ ၁၁၊ ၁၂ ရက်နေ့တွေမှာ ရန်ကုန်မြို့၊ တော် ဝင်ဂါးဒင်းဟိုတယ်မှာ ကပြမှာဖြစ်ပါ တယ်။ ဒီအငြိမ့်ကတော့ နှင်းဆီအဖွဲ့ ရဲ့ ၁၃ ကြိမ်မြောက်ဖျော်ဖြေပွဲဖြစ် တယ်လို့ သိရပါတယ်။
လင်းအက္ခရာ