၂ဝ၁၈ မှာ ချစ်သူနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့အတွက်ပျော်တယ်သူရိယ

0
300

”ဒီကားမှာ ကျွန်တော်က သူငယ်ကလည်းဖြစ်တယ်။ အခြောက်မတွေက စပွန်ဆာပေးထားတာတွေရှိတယ်။ တစ်ဖက်မှာလည်း ကောင်မလေးကိုကြိုက်နေတယ်။ စပွန်ဆာပေးထားတော့ စပွန်ဆာနဲ့လည်း ကင်းလို့မရ အဲဒီလို့ ကာရိုက်တာနေရာကနေ ပါဝင်သရုပ် ဆောင်ထားတယ်”လို့ သရဲသင်္ဘောရုပ်ရှင်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ရဲ့ဇာတ်ကောင် စရိုက်နဲ့ပတ်သက်ပြီး သူရိယကပြောပြခဲ့ပါတယ်။

သရဲသင်္ဘောရုပ်ရှင်ဇာတ်ကား ရိုက်တုန်းက ဆုအိမ့်စံကို ကြိုက်နေတယ်ဆိုတဲ့အကြောင်းကို သူရိယက ”ဒီကားလေးရိုက်တုန်းက ကျွန်တော်က ဆုဆုကို ကြိုက်နေတာလေ(ရယ်လျက်)။ အဲဒီကားမှာ ကျွန်တော်ရယ်၊ သွန်းဆက်ရယ်၊ ကိုညီ (ညီထွဋ်ခေါင်) ရယ် ယောက်ျားလေးနှစ်ယောက်၊ ဘဲကွဲတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အတင်းလိုက်ကြိုက်ကြ တာ။ အဲဒီကားထဲမှာ ကျွန်တော်က သရဲကြောက်လို့ဆိုပြီး ဆုဆု ကိုအတင်းဖက်တာ။ အခုအချိန်အထိအကျင့်ပါသွားတယ် (ရယ်လျက်)။ အဲဒီကားရိုက်ကူးတုန်းက ချစ်သူတွေ မဖြစ် သေးဘူးဆိုတော့ အတင်းဖက်တဲ့အခန်းတွေက ဇာတ်ကောင် စရိုက်အရလုပ်တာပါ။ ဇာတ်ကောင်စရိုက်ကိုပဲ ပီပြင်အောင် သရုပ်ဆောင်ထားတာပါ”လို့ သူရိယကပြောပြခဲ့ပါတယ်။

၂ဝ၁၈ ကို ချစ်သူနဲ့အတူ ဖြတ်သန်းရတဲ့ နှစ်တစ်နှစ် ဖြစ်တဲ့အတွက် ပျော်လည်းပျော်ပြီး သူတို့နှစ်ယောက်လုံးကိုအား ပေးနေတဲ့ ပရိသတ်တွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါ တယ်လို့ သူရိယက ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here