Challenge အသစ်လေးတွေထပ်လုပ်ဖို့ရှိတဲ့ဆုအိမ့်စံ

0
163

အနုပညာရှင်အချင်းချင်းလည်းဖြစ်သလို နားလည်မှုအ ပြည့်နဲ့ ချစ်သူဘဝကို တည်ဆောက်ထားတဲ့ သူရိယနဲ့ဆုအိမ့်စံကတော့ ရုပ်ရှင်ဇာတ်ကားတွေလည်း အတူတူတွဲပြီး သရုပ်ဆောင်သလို၊ ပွဲတွေ တက်ရင်လည်း နှစ်ယောက်အတူတူတက်တာကို တွေ့ရပါတယ်။ သူတို့ နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ သရဲသင်္ဘောရုပ်ရှင်ဇာတ်ကားကြီးက လည်း မကြာမီအချိန်အတွင်းမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အဆို ပါရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ရိုက်ကူးနေရင်းနဲ့ ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းကို ဆုအိမ့်စံက ”အဲ့ကားလေးမှာ ဆုဆု မျက်စိတအား ဖောင်းနေတယ်။ ဘာလို့လဲဆိုတော့ အဲဒီကားတစ်ကားလုံးမှာ ဆုဆုက မျက်ကပ်မှန်တပ်ထားရတယ်။ ကောင်မလေးလှလှ နေရာက သရုပ်ဆောင်ရတာဆိုတော့ မျက်ကပ်မှန်တအား တပ် တော့ မျက်လုံးကခြောက်ပြီး မျက်လုံးအောက်က ဖုတွေပေါက်လာ တယ်။ အဲဒီလိုဖြစ်သွားတဲ့အချိန်မှာ ဇာတ်ကားကလည်း ရိုက်လို့ မပြီးသေးဘူး။ ဆရာဝန်ကို သွားပြတယ်။ ချက်ချင်းကလည်း မပျောက်တော့ မျက်လုံးက ဖောင်းဖောင်းလေးဖြစ်နေတယ်။ မျက်စိတွေ နာနေတယ်။ အဲဒါလေးကတော့ အမှတ်တရပါပဲ” လို့ ပြောပြခဲ့ပါတယ်။

ဒီကားရိုက်တုန်းက ”ဆုဆုနဲ့ သူရိယနဲ့က ရည်းစား မဖြစ်သေးဘူး။ ဒီကားရိုက်ပြီး သုံးလေးငါးလလောက်ကြာမှ သူက ဆုဆုကို Propose လုပ်တာ။ Propose လုပ်တဲ့ကားက ‘နောင် ဘယ်တော့မှ မမုန်းဘူး’ အဲကားရိုက်ပြီးတော့ သူ Propose လုပ် တာ။ ဒီကားမှာ သူကဆုဆုကို အရမ်းဖက်လို့ ကိုခန့် (ခန့်စည်သူ)တို့ ဦးငြိမ်းချမ်းတို့က ဒီကားရိုက်ပြီးသွားရင် မင်းတို့နှစ်ယောက် ကြိုက်သွားမယ်လို့တောင် နောက်နေကြသေးတယ်”လို့ သရဲ သင်္ဘောနဲ့ပတ်သက်တဲ့ အမှတ်တရအကြောင်းလေးတွေကို ဆုအိမ့်စံက ပြောပြခဲ့ပါသေးတယ်။

၂ဝ၁၉ မှာ ၂ဝ၁၈ ကထက် ပိုပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပြီး သူတို့ချစ်သူနှစ်ဦး ပေါင်းပြီးလုပ် နေတဲ့ Challenge အသစ်လေးတွေကိုလည်း ထပ်လုပ်သွားဖို့ အစီအစဉ်တွေလည်းအများကြီးရှိကြောင်း ပရိသတ်ကြီးလည်း အားပေးကျပါဦးလို့ ဆုအိမ့်စံက ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here