ချစ်သူသက်တမ်းငါးနှစ်အကြာမှာ မင်္ဂလာပွဲကိုပြုလုပ်ခဲ့တဲ့ ဒါရိုက်တာ ဏကြီး နှင့် ပိုင်ဖြိုးသု

0
498

နှစ်​စမှာ အချစ်​တွေအပြည့်​နဲ့ မင်္ဂလာပွဲကို ကျင်းပပြုလုပ်​ခဲ့တဲ့သူ တွေကတော့ သရုပ်​ဆောင်ပိုင်​ဖြိုးသု နဲ့ ဒါရိုက်​တာ ဏကြီးပါ။ စေ့စပ်​ပွဲကို ၂ဝ၁၈ ဇွန်​လမှာ ပြုလုပ်​ခဲ့ပြီး ၆ လ အကြာ ၂ဝ၁၉ ဇန်​နဝါရီ ၁ ရက်​နေ့ မှာ မင်္ဂလာဧည့်​ခံပွဲကို ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ နှစ်​စမှာ မင်္ဂလာဦးအလှူ အဖြစ်​ ကိုယ်​လူချောအဖွဲ့ ၈၂ ဦး၊ စက်​မှုအခြေခံ သာရေးနာရေး အဖွဲ့ ဝင်​ ၁၈ဝ ဦး၊ စုစုပေါင်း ၂၆၂ ဦးတို့ အတွက်​ ဆန်​တစ်​တင်းခွဲ၊ ဆီ ၃ ပိဿာစီ လှူဒါန်းပွဲကို ဇန်​နဝါရီ ၁ ရက်​နေ့က မြန်​မာနိုင်​ငံရုပ်​ရှင်​အ စည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

မင်္ဂလာဦးအလှူအဖြစ် လှူဒါန်း ဖြစ်တာနဲ့ပတ်သက်ပြီး ပိုင်ဖြိုးသုက …

”မင်္ဂလာဦးအလှူ အဖြစ် သုတို့ ရုပ်ရှင်လောကက ရုပ်ရှင်အဖွဲ့သား တွေ လိုအပ်တဲ့ ဆီတို့ ဆန်တို့ကို လှူ ဒါန်းဖြစ်တယ်။ သုတို့ မင်္ဂလာဆောင် ကို အရမ်းကြီးကြီးကျယ်ကျယ်ကြီး လည်းမလုပ်ချင်ဘူး။ သုရော သူရော က မင်္ဂလာဝတ်စုံကြီးတွေနဲ့ ခမ်းခမ်း နား နားမနေတတ်ဘူး။ မနက်မင်္ဂလာ ဦးအလှူရယ်။ ညနေပိုင်း Dinner ပွဲ ရယ် နှစ်ပွဲပဲ သုတို့ လုပ်ဖြစ်တယ်”လို့ ပိုင်ဖြိုးသုက ပြောပြခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူကိုဏကြီးကို အိမ် ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသုက …

”အဓိကကတော့ သူ့စိတ်ထား လေးပါပဲ။ သူက စိတ်ကောင်းအရမ်း ရှိတယ်။ သုအပေါ်လည်း အရမ်း နားလည်ပေးနိုင်တယ်။ သုက နည်း နည်းဂေါက်တောက်တောက် ကြောင် တောင်တောင်ဆိုတော့ အဲဒါတွေ အ ကုန်လုံးကိုလည်း သူက ခွင့်လွှတ်ပေး နိုင်တယ်။ သုထက်လည်း တည်ငြိမ် တယ်။ ရင့်ကျက်တယ်။ လူကြီးဆန် တယ်။ အဲဒါတွေကြောင့်ပါ”လို့ ပြော ပြခဲ့ပါတယ်။

ဟန်းနီးမွန်းခရီးစဉ်နဲ့ပတ်သက် ပြီးတော့လည်း…

” ဟန်းနီးမွန်းခရီးစဉ် ကတော့ မစဉ်းစားရသေးဘူး။ မင်္ဂ လာဆောင်ပြီးတာနဲ့ ကားရိုက်က ပြန်ဝင်ရမှာဆိုတော့ ကားရိုက်ပြီးမှပဲ သွားဖို့ စဉ်းစားဖြစ်မယ်”လို့ ပိုင် ဖြိုးသုက ပြောပြခဲ့ပါသေးတယ်။


ချစ်​စရာသတို့သမီးလေးကို ပိုင်​ဆိုင်​ထားတာကြောင့်​ မျက်​နှာမှာ အပြုံးပန်းတွေ ပွင့်​လန်းကာ ပျော်​ရွှင်​နေတဲ့ သတို့သားဖြစ်သူ ဒါရိုက်​တာ ဏကြီးကလည်း ချစ်သူဆီက အဖြေ ရတဲ့နေ့မှာ လက်ထပ်ခဲ့တာနဲ့ပတ် သက်ပြီး ”မင်္ဂလာဆောင်တဲ့ ဇန်နဝါ ရီလ တစ်ရက်နေ့က ကျွန်တော် သု ဆီက အဖြေရတဲ့နေ့ ကျွန်တော်တို့ ချစ်​သူသက်​တမ်းငါးနှစ်​အကြာမှာ လက်​ထပ်​တာ။ အခုကျွန်တော်တို့ နှစ်ယောက်ရဲ့ အနာဂတ်အတွက်ကို ကျွန်တော်ရင်ခုန်နေတယ်။ ကျွန် တော်တို့ နှစ်ယောက်အတူတူလုပ် မယ့်အလုပ်တွေအတွက် အတူတူရှေ့ ဆက်ရမယ့် ဘဝတွေအတွက် ကျွန် တော်စိတ်လှုပ်ရှားနေတယ်။ ရှေ့ ဆက်ပြီးတော့လည်း နှစ်ယောက် အတူတူ အနုပညာအလုပ်တွေကို ပို ကောင်းအောင်လုပ်သွားမယ်”လို့ ပြောပြခဲ့ပါသေးတယ်။


မင်္ဂလာဧည့်​ခံပွဲကို ညနေပိုင်းမှာ Dinner တွင်​ ဧည့်​ပရိ သတ်​များ၊ အနုပညာရှင် မောင်​နှမ များနဲ့ စည်​စည်​ကားကားကျင်းပပြု လုပ်​ခဲ့ကြပါသေးတယ်​။


ခိုင်ဝါဝင်း၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here