မန္တလေး မြို့ရဲ့ အခမ်းအနားဆုံး ဖက်ရှင်ပြပွဲ

0
331

Star & Models Int’L Mandalay က တတိယအကြိမ် မြောက် ကြီးမှူးကျင်းပတဲ့ မန္တလေး မြို့ရဲ့ အခမ်းအနားဆုံး ဖက်ရှင်ပြပွဲ ကြီးဖြစ်တဲ့ MANDALAY INT’L FASHION WEEK 2018 ကို ဒီဇင်ဘာလ ၂၉ ၊၃ဝ ရက်များတွင် မန္တလေးမြို့ မင်္ဂလာမန္တလေး၌ ပြုလုပ်ခဲ့သည်။

”အစ်ကို့ Round တွေမှာ Performance တွေနဲ့ ထူးထူး ခြားခြားစီစဉ်ထားပါတယ်။ ဒီနှစ်မှာ အမျိုးသမီး ဝတ်တွေသာမက အမျိုးသားဝတ်တွေကိုလည်း အထူးဇောင်းပေးထားပါတယ်။ မမို့တို့ မထက်တို့ Round တွေမှာလည်း ယောက်ျားလေးတွေကို ရင်ထိုးတွေ လက်စွတ်တွေကို ဦးစားပေးဆင် ထားပါတယ်။ ထူးထူးခြားခြား အနေနဲ့ ယောက်ျားလေး ကုတ်အင်္ကျီကို စိန်ကြိုးတွေနဲ့ အလှဆင်ထားပါတယ်” လို့ MANDALAY INT’L FASHION WEEK 2018 ကို စိန် နှင့် လက်ဝတ်ရတနာများ ဆင်မြန်းပေးတဲ့ စိန်စမ္ပယ်ဖူး စိန်တိုက်၏ CEO ကိုအောင်လွင်အေးက ပြောပါတယ်။ ဒီဇိုင်နာမြစန္ဒာမောင်၊ ဒီဇိုင်နာ ယဉ် သူသူမင်း၊ ဒီဇိုင်နာ Perfect ညီညီ၊ ဒီဇိုင်နာ ပြည့်ဖြိုးမင်း၊ ဒီဇိုင်နာ ပိုင်ပိုင်၊ For Love တို့၏ ၂ဝ၁၉ ခုနှစ်ရဲ့ ခေတ်စားလာမယ့် မင်္ဂလာဝတ်စုံတွေ၊ Ready Wear ဝတ်စုံတွေအပြင်၊ မိန်းကလေးတွေရဲ့ Wedding Gown၊ Evening Gown စတဲ့ ဝတ်စုံဒီဇိုင်းအစုံ လက်ရာဝတ်စုံပေါင်း (၂ဝဝ)ကျော်ကို နိုင်ငံကျော်အနုပညာရှင် များဖြစ်တဲ့ အကယ်ဒမီ မို့မို့မြင့် အောင်နဲ့ အကယ်ဒမီထက်ထက်မိုးဦး၊ Star & Model Agency ကနေ မွေးထုတ်ထားတဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမှာရှိ မော်ဒယ် ၈ဝ ကျော် က ဝတ်ဆင်ပြသခဲ့သည်။

ချမ်းသာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here