အနုပညာနဲ့ပတ်သက်ပြီး အသစ်တွေ ဖန်တီးနိုင်အောင်ကြိုးစားနေတဲ့မင်းဦး

0
386

သရုပ်ဆောင်အလုပ်ကိုကော၊ ဒါရိုက်တာအလုပ်ကိုကော နှစ်ခုစလုံးကို ညီညီမျှမျှအကောင်းဆုံးဖြစ်အောင် လုပ်ကိုင်နေ သူကတော့ သရုပ်ဆောင်မင်းဦးပဲဖြစ်ပါတယ်။ ဒါရိုက်တာ အနေနဲ့ ပထမဦးဆုံးရိုက်ကူးထားတဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီး ကလည်း ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့သလို အခုရိုက်ကူးမယ့် ကိုယ် ပွားရုပ်ရှင်ဇာတ်ကားကြီးအတွက်လည်း စိုးရိမ်ပူပန်မှုတွေ နဲ့ အကောင်းဆုံးကြိုးစားနေတယ်လို့ သိရပါတယ်။ ကျော်ထက် အောင်၊ နေခြည်ဦးတို့ ပါဝင်သရုပ်ဆောင်မယ့် ကိုယ်ပွားရုပ် ရှင်ဇာတ်ကားကြီးမှာ ဒါရိုက်တာအဖြစ် ရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းကို ကိုမင်းဦးက…

”ဒီကားလေးက ရိုက်ရမယ့် သရုပ်ဆောင်တွေကလည်း အသစ်တွေနဲ့လည်းဖြစ်တယ်။ နောက်တော့ ရိုက်ရမယ့်အပိုင်း တွေကလည်း များတယ်ဆိုတော့ ပြင်ဆင်မှုတွေကလည်း ပို များတာပေါ့။ ချူဆီရိုက်တုန်းလည်း မထင်မှတ်ဘဲ ပရိသတ်တွေ ရဲ့ အားပေးမှုရရှိခဲ့တဲ့အတွက် ဒီကိုယ်ပွားကားလေးမှာလည်း ပရိသတ်မကြိုက်မှာကို စိုးရိမ်စိတ်တော့ ရှိနေတယ်။ ဒါပေမယ့် အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်နေပါတယ်”လို့ ပြောပါတယ်။

ကိုယ်တိုင်က ဒါရိုက်တာကော သရုပ်ဆောင်နှစ်ခုလုံးကို လုပ်ကိုင်နေတဲ့အတွက် အနုပညာလေ့လာမှုအပိုင်းတွေကို မေး ကြည့်တဲ့အခါမှာတော့ မင်းဦးက ”အစ်ကိုကတော့ အနုပညာနဲ့ ပတ်သက်ရင် အမြဲတမ်း လေ့လာနေရတာပေါ့။ ပတ်ဝန်းကျင် မှာရှိနေတဲ့သူတွေ ဖြစ်ပျက်နေတာတွေ အကုန်လုံးက အစ်ကိုတို့ အတွက်တော့ လေ့လာစရာနေရာတွေပဲပေါ့။ ဒါကတော့ အစ်ကိုတို့ ဘယ်လောက်ယူနိုင်လဲ။ ဘယ်လောက်အပြည့်ဖြည့် နိုင်လဲ။ အစ်ကိုတို့ ဘယ်လိုလုပ်ပေးနိုင်လဲဆိုတာက ဒါအနုပညာ နဲ့ ပတ်သက်ပြီးတော့ ကိုယ်တွေက နဂိုကတည်းကလည်း ဒီလိုပဲ ခံစားပါတယ်။ သူများကားတွေကိုလည်း သူများတွေ ဘယ်လို လုပ်ထားလဲ၊ ဘယ်လိုတွေ ဖန်တီးထားလဲဆိုတာကို အမြဲတမ်း လေ့လာနေရတဲ့သဘောပါ။ အနုပညာကတော့ အစ်ကိုရဲ့ ဘဝ တစ်ခုဖြစ်တဲ့အတွက် အမြဲတမ်းအနုပညာနဲ့ပတ်သက်ပြီး အသစ် သစ်တွေ ဖန်တီးနိုင်အောင် ကြိုးစားသင်ယူနေတယ်”လို့ ပြောပါ တယ်။

၂ဝ၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲလည်း နီးကပ်လာပြီဖြစ်တဲ့အတွက် ကိုယ်တိုင်ပထမဦးဆုံး ဒါရိုက်တာ အနေနဲ့ ရိုက်ကူးထားတဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီးအတွက် အကယ်ဒမီရင်ခုန်သံကကော ဘယ်လိုမျိုးဖြစ်နေမလဲလို့ မေး ကြည့်တဲ့အခါမှာတော့ မင်းဦးက ”အစ်ကိုကတော့ ဒီချူဆီကားထဲ မှာ ဘယ်သူပဲ ရရပါ။ ဒါကတော့ အတ္တလို့ပဲ ပြော ရမလားပေါ့။ ဒီကားထဲမှာ ဘယ်သူပဲရရ ကိုယ်ဝမ်းသာမိမှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီကားလေးဟာ ကိုယ် ပထမဦးဆုံးရိုက်ကူးထားတဲ့ ဇာတ် ကားလေးဖြစ်နေလို့ပါ”လို့ ပြောပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ – အောင်ဖော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here