၂ဝ၁၉ ခုနှစ်နဲ့ လွှမ်းပိုင် ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအိပ်မက်

0
206

ပြီးခဲ့တဲ့ ၂ဝ၁၈ နှစ်ကုန်ပိုင်းမှာ ‘ကိုယ်စောင့်နတ်’ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားထွက်လာနိုင်ခဲ့ပြီ။ ၂ဝ၁၉ ထဲမှာ ရုပ်ရှင်နဲ့ပတ်သက်လို့ ဇာတ်ကားတစ် ကားထပ် ထွက်ဖို့ရှိသလို နောက်ထပ် ဇာတ်ကားတစ်ကားလည်း ရိုက်ကူး သွားဖို့ရှိကြောင်း လွှမ်းပိုင်က ပြောပါ တယ်။ ဒါဆို သူအမြဲတမ်းပြောနေတဲ့ One Man Show ကကော ဘယ် တော့ဖြစ်မှာလဲဆိုတဲ့အမေးကို မေး ဖြစ်တဲ့အခါ …

”ပြောရမယ်ဆိုရင် တော့ စိတ်ကျေနပ်မှုမရှိသေးလို့ပါ။ ကိုယ့်ကိုယ်ကိုယ်လေ။ လုပ်ရင်လည်း လုပ်လို့ရတယ်။ ဒါပေမဲ့မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ် ကိုယ် သိပ်ပြီး မကျေနပ်သေးလို့ပါ။ ဒါပေမဲ့ နောက်တစ်ခွေထွက်ပြီးလို့ ရှိရင်တော့ ရယ်ဒီလောက်ပါပဲ” လို့ လွှမ်းပိုင်က ပြောပါတယ်။

ကိုယ့်နောက်က ဂျူနီယာတွေ တောင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ တွေလုပ်လာကြပြီ။ ကိုယ်ကလုပ်မယ်၊ လုပ်မယ်နဲ့ မလုပ်ဖြစ်သေးတာက …

”ကျွန်တော်က အဲဒီလိုရှိုးပွဲတစ် ပွဲလုပ်လိုက်ပြီဆိုရင် အဲဒီပွဲမှာ သီ ချင်းအပုဒ် ၄ဝ ဆိုမယ်ပေါ့။ ၄ဝ စလုံးက ပေါက်နေရမယ်ပေါ့။ အဲဒီ လိုမျိုးစိတ်ကူးရှိလို့ပါ။ ၄ဝ လုံး မပြည့် ပြည့် အောင်လို့ မပေါက်တဲ့ သီချင်း တွေထည့်ဆို ရင်လည်း ရတာပေါ့။ ဒါပေမဲ့ အဲဒီလိုမျိုးကြီး ကျတော့ ပျင်းစရာကြီး ဗျ။ ပရိသတ်တွေလည်း ကြိုက်မှာ မဟုတ်ဘူး လေ။ ကျွန်တော် လည်း အဲဒီလိုမျိုး မကြိုက်ဘူး။ အဲဒါ ကြောင့်မို့လို့ပါ။ အဓိ ကက ပေါက်သီချင်း တွေနဲ့ချည်းပဲ တစ်ပွဲ လုံးကို ဆိုချင်တာ။ ၂ဝ၁၉ ဆိုရင်တော့ ဖြစ်နိုင်ပါပြီလေ။ ကျွန်တော်အခွေ ၃ ခွေလောက် ထွက်ပြီးပြီ ဆိုတဲ့ အချိန်မှာတော့ လုံလောက်ပါပြီ”လို့ လွှမ်းပိုင်က ပြောပြခဲ့ ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here