စိန်ခေါ်မှုတွေ အများကြီးရှိတဲ့ Star Awards ဆုချီးမြှင့်ပွဲစီစဉ်သူ Stellar Seven Entertainment မှ Operation Director ဒေါ်လင်းဝတ်မှုန် နှင့် တွေ့ဆုံခြင်း

0
238

ပထမဦးဆုံးအကြိမ်ဆိုပေမယ့် သူတို့ Stellar Seven Entertainment အဖွဲ့က လူတွေအကုန်လုံးက အနုပညာကို အရမ်းထက်သန်ပါတယ်လို့ ဒေါ်လင်းဝတ်မှုန်က ပြောပါတယ်။ Star Awards ဆုချီးမြှင့်ပွဲမှာ ချီးမြှင့်မယ့် ဆု ၁၅ ဆုအပြင် Stellar Seven မှ ချီးမြှင့်မယ့် ပွဲတက်ဖက်ရှင်ဆု ၃ ဆုလည်းပါဝင်တယ်။ ချီးမြှင့်မယ့် ဆုတွေကလည်း တစ်ဆုကို သိန်း ၅ဝဆိုတော့ ရင်ခုန်ဖို့ကောင်း ပါတယ်။ ဧပြီလ ၅ရက်နေ့မှာ ကျင်းပမယ့် Star Awards ဆုချီးမြှင့်ပွဲကို Stellar Seven Entertainment မှ ဘယ်လိုတွေ စီစဉ် ထားသလဲဆိုတာ Operation Director ဒေါ်လင်းဝတ်မှုန်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး-ပထမဦးဆုံးအကြိမ်ဆိုတော့ ဒီပွဲစီစဉ်ဖို့ စိန်ခေါ်မှုတွေရှိမှာပေါ့။
ဖြေ- အကယ်ဒမီပေးပွဲနောက်မှ လုပ်ရတာထက် MJA အဖွဲ့အနေနဲ့ရော၊ ကျွန်မတို့ Stellar Seven အနေနဲ့ရော ပထမဦးဆုံးလုပ်တဲ့ပွဲအကြီးမျိုးပေါ့နော်။ ပွဲအကြီးဖြစ်တဲ့ အတွက် ကျွန်မတို့ နှစ်ဖက်စလုံး ပြင်ဆင်ရတာတွေက အများကြီး ရှိပါတယ်။ စိန်ခေါ်မှု တွေလည်း အများကြီးရှိမယ်လို့ထင်ပါတယ်။

မေး-ပွဲအတွက် Stage Design နဲ့ ဘယ်သူတွေကိုဖိတ်ကြားသွားမလဲ။
ဖြေ-Stage Design ကို DM4 အဖွဲ့နဲ့ စီစဉ်ထားပါတယ်။ တက်ရောက်လာမယ့် အနု ပညာရှင်တွေရော၊ လက်မှတ်ဝယ်ယူပြီးကြည့်မယ့်ပရိသတ်တွေရော အကုန်လုံးအဆင်ပြေ အောင် ကျွန်မတို့ စီစဉ်တင်ဆက်ပေးသွားမှာပါ။

မေး-ပရိသတ်အတွက် စီစဉ်တဲ့လက်မှတ်နှုန်းထားလေးသိပါရစေ။
ဖြေ-ပရိသတ်တွေအတွက် စီစဉ်ပေးထားတဲ့ လက်မှတ်နှုန်းထားတွေကတော့ ကျွန်မတို့ မသတ်မှတ်ရသေးပါဘူး။ စီစဉ်နေတုန်းရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်မတို့မဖြစ်မနေ စီစဉ်ပေးမယ့်တစ်ခုပါ။ အနုပညာရှင် တွေတက်ရောက်မယ့် ဒီလိုမျိုးဆုပေးပွဲကို ပရိသတ် တွေလည်း ကြည့်ချင်ကြလိမ့်မယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ကြည့်ချင်တဲ့သူတွေအကုန်လုံး လာကြည့်နိုင်အောင် ဒီအစီအစဉ်လေးလုပ်ပေးထားတာပါ။

မေး-တက်ရောက်မယ့်အနုပညာရှင်တွေရယ်၊ ပရိသတ်တွေရယ်ကြောင့် Space ကျယ်တဲ့ နေရာကို ရွေးချယ်ခဲ့တာလား။
ဖြေ-အဲဒါကြောင့်မို့လို့ Venue ရွေးချယ်တဲ့အခါမှာ သုဝဏ္ဏဘူမိ ကို ရွေးချယ်လိုက်တာ ပါ။ ကွင်းပြင်ကအကျယ်ကြီးပဲဆိုတော့ ခုံတွေလည်း လိုသလိုထားလို့ရပါတယ်။ အဲဒါ ကြောင့် မို့လို့ ကျွန်မတို့ ဖိတ်ရတာရော၊ လက်မှတ်ဝယ်ပြီးလာကြည့်တဲ့သူတွေအတွက်ပါ အကုန်လုံးအဆင်ပြေအောင် ဒီ Venue ကို စီစဉ်ထားတာပါ။

မေး-လက်မှတ်ဈေးနှုန်းတွေကို ဘယ်တော့လောက်သိရမလဲ။
ဖြေ-ဖေဖော်ဝါရီလကုန်မတ်လောက် ကျရင်တော့ သိရပါပြီ။

မျိုးမောင်
ဓာတ်ပုံ-ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here