မင်းသားဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အဖွဲ့နဲ့ပဲ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပေမယ့် ၂ဝ၁၉ ခုနှစ်မှာတော့ အာရှ ပရိသတ်တွေကို တစ်ကိုယ်တော် သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ SHINEE ရဲ့ အဖွဲ့ဝင် Minho ဟာ သူရဲ့အာရှပရိသတ်တွေနဲ့ တွေ့ဆုံမယ့်အစီအစဉ်ကို ဖေဖော်ဝါရီလမှာ စတင်အကောင်အထည် ဖော်တော့မှာပါ။ Best Choi’s Minho လို့ အမည်ပေးထားတဲ့ Tour ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကိုရီးယားမှာ ပြုလုပ်မှာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာတော့ ဂျပန်မှာ ပြုလုပ်သွားမှာပါ။ မတ်လ ၂ ရက်နေ့မှာတော့ ဘန်ကောက်မှာသူရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး Taipei မှာတော့ မတ်လ ၃ ရက်နေ့မှာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
မြန်မာပြည်မှာ Minho ရဲ့ ပရိသတ်တွေရှိရင်တော့ ဘန်ကောက်မှာ ပြုလုပ်မယ့် fan တွေ့ဆုံပွဲကို join လို့ရတယ်နော်…