၂ဝ၁၉ ခုနှစ်မှာ Boy Band အနေနဲ့ မြင်တွေ့ရတော့မယ့် Project Kအဖွဲ့

0
393

Project K ဆိုတာ သူ့ Talent နဲ့သူ၊ သူ့အရည်အချင်းနဲ့သူ ရပ် တည်လာနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လူငယ်စွန့်ဦးတည်ထွင်လူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်း တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးကျူးစကားဆိုခဲ့တဲ့အဖွဲ့ကလည်း Project Kပါ။ နောက်တစ်ခု ကျန်သေးတယ်။ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာလည်း Project Kပါ။ သူတို့ရဲ့ ၂ဝ၁၉ ခုနှစ်မှာ လှုပ်ရှားမယ့် အစီအစဉ်တွေက…

”Project K ရဲ့ ၂ဝ၁၉ Plan ကတော့ ကျွန်တော်တို့ ၂ဝ၁၈၊ ၁ဝ လပိုင်းထဲမှာ အယ်ဘမ်လေးထွက်ထားတာဆိုတော့ ၂ဝ၁၉ထဲမှာ ကျွန်တော်တို့ မြူးဇစ်သီချင်းတစ်ပုဒ် ချင်းစီအနေနဲ့ Single Release လုပ်သွားမယ်။ ပြီးတော့ နောက်ထပ် Music Video လည်း ရိုက်ကူးနိုင်ဖို့ ကြိုးစားသွားမယ်။ ၂ဝ၁၉ နှစ်ကုန် ပိုင်းလောက်ကျရင်လည်း ကျွန်တော် တို့ ရှိုးပွဲတွေ၊ Fan Meeting ပွဲလို မျိုးတွေ လုပ်နိုင်ဖို့ကြိုးစားသွားပါ မယ်” လို့ Project K ကပြောပါတယ်။ အကအပြင် သီချင်းတွေပါ ဆိုလာပြီဆိုတော့ Project Kက…

”ကျွန်တော်တို့ The Beginning ဆိုတဲ့ အယ်လ်ဘမ်လေး ၂ဝ၁၈နှစ်ကုန်ပိုင်းလောက်မှာ ထွက်ပြီးကတည်းက ကျွန်တော်တို့က Boy Band အနေနဲ့ Project K ကလှုပ်ရှားနေပါတယ်။ အဲဒီတော့ Boy Band အနေနဲ့ပဲ နောက်ပိုင်းတွေမှာ ထပ်မြင်ရမှာပေါ့။ အဆိုတွေနဲ့ အကတွေနဲ့ ကျွန်တော်တို့ကြိုး စားပေါင်းစပ်သွားမယ်။ ပြီးလို့ရှိရင် အဆိုပိုင်းရော၊ အကပိုင်းမှာပါ ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားတင်ဆက်သွားမယ်” လို့ Project K ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here