သီချင်းခွေထွက်ဖို့ နည်းနည်း ကြာဦးမယ်ဆိုတဲ့ ပိုပို

0
223

ရုပ်သံဇာတ်လမ်းတွဲလေး တစ်ခုရိုက်ကူးနေတဲ့ ပိုပိုက သူ့ရဲ့ ရိုက်ကူးမှု အတွေ့အကြုံကို အခုလို ပြောပါတယ်။

”ရှပ် ၄ ချစ်သူက ဟာသကားလေးပါ။ ပိုပို့ကိုလည်း ဒီဇိုင်ဆန်းဆန်း လေးနဲ့ မတူတဲ့ပုံစံလေးနဲ့ မြင်ရမှာပါ။ ဖက်ရှင်တွေကတော့ အမိုက်စားတွေ ချည်းပဲ။ တစ်ကားလုံး ကိုယ်တစ်ယောက်တည်းလန်ထွက်နေတာပဲ (ရယ် လျက်)” လို့ သူကဆိုပါတယ်။ မနှစ်တုန်းက Valentine’s ကတော့ ‘မြေမပ န္လြ ဆိုတဲ့သီချင်းတစ်ပုဒ် ထွက်ဖြစ်ခဲ့တယ်။ ပေါက်လည်းပေါက်တယ်။ ဒီနှစ် ကော ပိုပိုလို့ဆိုတော့ …

”သီချင်းက အဓိကက ကိုယ်ပိုင်စတူဒီယို ဆောက်နေတာပေါ့နော်။ ကိုယ့်ဘာသာကိုယ်ပဲ အိမ်မှာလုပ်ချင်တာပေါ့နော်။ အဲဒီတော့ သီချင်း အသစ်လုပ်ဖြစ်မလား၊ မလုပ်ဖြစ်ဖူးလား မသိသေးဘူးပေါ့နော်။ တစ်ပုဒ် တော့လုပ်တော့ လုပ်ချင်တယ်။ Valentine မှာ အချစ်သီချင်း ဖြစ်မလား၊ ဒါမှမဟုတ်လို့ရှိရင် ဘာသီချင်းဖြစ်မလဲတော့မသိဘူး” လို့ ပိုပိုက ပြောပါတယ်။ သရုပ်ဆောင်အလုပ်အတွက် ကမ်းလှမ်းလာခဲ့ရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သီချင်း အသစ်တွေအတွက် ဖန်တီးမှုတွေပဲဖြစ်ဖြစ် ဖြည်းဖြည်းချင်းစီပဲ သွားဖို့ရှိတယ်လို့ ပိုပိုက သူ့ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ဆက်လက် ပြောပြပါတယ်။

”ကိုယ့်ရဲ့ ကံကြမ္မာက ဘာဖြစ် လာမလဲဆိုတာမပြောတတ်ဘူး။ တကယ်လို့ ကိုယ့်ကို ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင် လည်း ပိုလုပ်ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆို တော့ ကိုယ်ကြိုက်တဲ့ကာရိုက် တာဆိုလို့ရှိ ရင် ရိုက်ဖြစ်မှာပါ။ ဝါသနာတော့ပါပါ တယ်။ သီချင်းကအစ နောက်ထပ် တစ်ခွေကိုလည်း အေးအေးဆေးဆေး လေးနဲ့ ကောင်းကောင်းမွန်မွန်လုပ် ချင်တယ်ပေါ့နော်။ ရှေ့ကအခွေနဲ့ မတူတဲ့ Quality တစ်ခုရယ်၊ ရှေ့က အခွေနဲ့ မတူတဲ့သီချင်းတွေပေါ့ နော်။ မတူတဲ့ပုံစံတွေအများကြီးလုပ်ချင်တော့ ဖြည်းဖြည်းချင်းစီ ပဲ ဒီတစ်ခေါက် တော့သွားမယ် ပေါ့။ ဒီတစ်ခေါက် နည်းနည်း ပိုကြာမယ်။ အရင်တုန်း ကဆိုရင် တစ်နှစ်ကို တစ်ခွေ ထွက်တယ်။ အခုဆိုရင် တစ်နှစ်ခွဲလောက်လည်း ဖြစ်ချင်ဖြစ်မယ်။ နည်း နည်းတော့ ကြာမယ်ပေါ့” လို့ ပိုပိုကပြောပြခဲ့ပါ တယ်။

မျိုးမောင်

ဓာတ်ပုံ-ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here