Coach တစ်ယောက်အဖြစ် ပရိသတ်ရှေ့ကို ရောက်ရှိလာမယ့် R ဇာနည်

0
406

ဆယ်စုနှစ်တစ်ခုကျော် ပရိ သတ်ချစ်ခင်အား ပေးတွေရရှိထားတဲ့ အဆိုတော် အာဇာနည်ကတော့ လက်ရှိမှာသီချင်းသစ်တွေလည်းလုပ်နေပြီး Show ပွဲတွေလည် ဆက်တိုက်ဆိုသလို သီဆိုဖြစ်နေပါ တယ်။ အဆိုတော်တစ်ယောက်အနေနဲ့ Free Show နဲ့ လက်မှတ်ပေးဝင်ရတဲ့ Show တွေ ကွားခြားချက်ကို ခုလို ပြောပြခဲ့ပါတယ်။

”Free Show ဆိုရတာနဲ့ ဝင် ကြေးပေးရတဲ့ Show က အဆိုတော် တစ်ယာက်အနေနဲ့ ဘာမှမကွာပါဘူး။ ဒီခေတ်ကပဲကွာသွားတာပါ။ အရင်တုန်း က လက်မှတ်ရောင်းပြီး ဝင်ကြေးနဲ့ရှိုးပွဲ တွေဆိုရင်လည် စပွန် ဆာရှာကြရတာ ပါပဲ။ တစ်ခုမဟုတ်တစ်ခု စပွန်ဆာတွေ ရှိကြတယ်။ အခုခေတ်က အဲဒီလိုမျိုး မဟုတ်ဘဲနည်းနည်းလေး အသွင် ပြောင်းသွားတဲ့သဘောပေါ့။ ကုမ္ဗဏီ တွေကပဲပွဲစီစဉ် သူငှားပြီးတော့ Free Show ပုံစံမျိုးလုပ်တယ်။ အဓိကတော့ စတိတ် ရှိုးကောင်းကောင်းကြည့်ရမယ့် နောက်က Brand ခုခုပေါ့။ One Man Show တွေလိုမျိုးကမှ နောက် ကို Brand ကိုအဓိကမထားတာပေါ့နော်” လို့ပြောပြခဲ့ ပါတယ်။ သူကတော့ ဒီနှစ်မှာ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာCoach တစ်ယောက် အဖြစ်ပါဝင်မှာလည်း ဖြစ်ပါတယ်။ Coach တစ်ယောက်အဖြစ်ပါဝင်သွားမှာနဲ့ ပတ် သက်ပြီး …

”အစ်ကိုတို့ The Voice Myanmar နဲ့ပတ်သတ်တဲ့ ရိုက်ကူးတွေလုပ်ဖို့ရှိပါတယ်။ Coach ဆိုတာကတော့ ဘောလုံးတစ်သင်းမှာ Coach ထားတဲ့သဘောဘဲ။ ကိုယ်အသင်းသားတွေကို အကောင်းဆုံးနည်းလမ်းတွေနဲ့ အကောင်းဆုံးအကြံ ဥာဏ်တွေပေးပြီး တိုင်တိုင်ပင်ပင်လုပ်ရတဲ့ကိစ္စမျိုးပါ။ ဒိုင်တစ်ယောက်လို အကဲဖြတ်ပေးရတာမျိုး တော့မဟုတ်ပါဘူး” လို့ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး ၂ဝ၁၉ခုနှစ်မှာ ဆက်လုပ် သွားမယ့် အနုပညာနဲ့ ပတ်သတ်ပြီးလည် ဆက်လက် မေးမြန်းခဲ့ရာ…

”ကျွန်တော် ငြိမ်နေတာမျိုးတော့ မရှိပါဘူး။ အမြဲတမ်းအနုပညာအလုပ်တွေ လုပ်နေပါတယ်။ ၂ဝ၁၉ ခုနှစ်ကလည်း ဒီလိုပဲ အနုပညာ အလုပ်တွေနဲ့ သွားမှာပါ။၂ဝ၁၈ ခုနှစ်ကတော့ အခက်အခဲတွေ၊ အဆင်ပြေမူတွေနဲ့ ကျွန်တော်အတွက် အများကြီးကံ ကောင်းတဲ့နှစ်ပါပဲ။ သားငယ်လေးလည်း ပိုင်ဆိုင် ခဲ့ရတယ်ဆိုတော့ ဒီနှစ်ကိုကျွန်တော်ဘယ်တော့မှ လည်းမေ့မှာမဟုတ်ပါဘူး” လို့လည်း အဆိုတော် အာဇာနည်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here