ပရိသတ်အတွက် ဖျော်ဖြေမှုတွေသာ တင်ဆက်ပေးချင်တာဆိုတဲ့ကျော်ကျော်ဗိုလ်

0
253

သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကတော့ လတ်တလောမှာ ၂ဝ၁၉ ခုနှစ်မှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ ဟောက်စားရုပ်ရှင် ဇာတ်ကားကြီး ရုံတင်တော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေ အကြိုက်တွေ့အောင် ကြိုးစား ထားတဲ့အကြောင်း ကျော်ကျော်ဗိုလ်က –

”ဒီဇာတ်ကားထဲက ကျွန်တော့်ရဲ့ ကာရိုက်တာက တွေ့သမျှလူ ဂျင်းထည့်တဲ့ ကာရိုက်တာပေါ့။ ကိုအုန်းသီးနဲ့ နှစ်ယောက် မြို့ကနေလာပြီးတော့ ရွာကိုဂျင်းထည့်ဖို့ လာတာပေါ့။ အဲဒီလို ကာရိုက်တာတွေနဲ့ တစ်ကားလုံး ပရိသတ်မပျင်းသွားအောင် အကောင်းဆုံး ကြိုးစားထားပါတယ်” လို့ ကျော်ကျော်ဗိုလ်က ပြောပါတယ်။
ဟာသဇာတ်ကားဆိုတာနဲ့ အချို့ပရိ သတ်တွေက မကြိုက်ကြတဲ့အပေါ် ဘယ်လို မျိုး မြင်မိလဲလို့ မေးကြည့်တဲ့အခါမှာတော့ ကျော်ကျော်ဗိုလ်က –

”ကျွန်တော်တို့ကတော့ ပရိသတ် အတွက် ဟာသဇာတ်ကားပဲဖြစ်ဖြစ်၊ ဒရာမာ ဇာတ်ကားပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစား တယ်။ ကျွန်တော်တို့ ဇာတ်ကိုရွေးပြီဆိုတာနဲ့ ဖျော်ဖြေမှုဖြစ်မလား၊ ကျွန်တော်တို့ တကယ် ကို အနုပညာနဲ့ ရသမြောက်အောင် တင်ပြ မလား၊ ဒီနှစ်လမ်းပဲ ရှိပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ဟာတွေဟာ ဘာဖြစ်လို့လဲဆိုတော့ ဖျော်ဖြေမှုဆိုလည်း ကိုယ်ကတကယ် ရသ မြောက်မြောက်နဲ့ ပရိသတ်ကို Message ပေးချင်တဲ့ ဇာတ်ကားမျိုးဆိုလည်း အမြတ်ကို သိပ်မကြည့်နဲ့။ ဒါပရိသတ်အတွက် ရိုက် တယ်။ ဒါမျိုးပါပဲ။ အခု ဒီဟာသဇာတ်မျိုး ကျတော့လည်း ဖျော်ဖြေမှုပေါ့နော်။ ပရိသတ် ကို ပေါ့ပါးရမယ်၊ ပျော်ရွှင်ရမယ်။ အဲဒီလို မျိုးတွေနဲ့ သွားတဲ့အတွက် ကျွန်တော်ကတော့ ဟာသဇာတ်ကားနဲ့ မကြိုက်တဲ့ ပရိသတ်တချို့ကိုလည်း ဟာသဇာတ် ကားကြည့်ပေးကြပါ”လို့ ပြောပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပွဲလည်း နီးလာပြီဆိုတော့ ၂ဝ၁၈ ခုနှစ်မှာ ကိုယ်သရုပ်ဆောင်ထားတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားအ တွက် အကယ်ဒမီရင်ခုန်သံကို မေးကြည့်တဲ့အခါမှာတော့ ကျော်ကျော် ဗိုလ်က –

”ဒီနှစ်က ရင်ခုန်ရတယ်ဆိုတာထက် ပီတိဖြစ်ရတယ်ပေါ့နော်။ ကျွန်တော် ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးတယ်။ ဒါပေမဲ့ အကယ်ဒမီပွဲနီးလို့ရှိရင် ကျွန်တော့်အတွက် ဖြစ်စရာဇာတ်ကား သိပ်မ ရှိဘူး။ ပီတိဖြစ်တယ်ဆိုတာ ကျွန်တော့်ပီတိ ကျွန်တော်ဖန်တီးတဲ့ ပီတိ က လိပ်ပြာလှတယ်။ အဲဒီလိပ်ပြာလှသလို ပရိသတ်ရဲ့ Feed Back က လည်း ကျွန်တော့်အတွက် ပီတိဖြစ် တယ်။ ကျွန်တော့်အနုပညာလေ။ အဲဒီတော့ ဒီနှစ်ကတော့ ကျွန်တော့်အတွက် ပီတိဖြစ်စေတယ်။ ရင်ခုန် တာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ရင်ခုန်တာကတော့ အားလုံးအတွက် ရင်ခုန်တာပေါ့”လို့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here