Star Awardsဆုချီးမြှင့်ပွဲကိုဂုဏ်ယူစွာနဲ့ တက်ရောက်မယ့် သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်

0
288

ဇင်ဇင်ဇော်မြင့်တို့ရဲ့ ‘ရာဇဝင် ရိုင်းခဲ့ သည်’ ရုပ်ရှင်ဇာတ်ကားက လည်း Star Awards ဆုရွေးချယ် ရေးအဖွဲ့က ရွေးချယ် ထားတဲ့ ဇာတ် ကား ၂ဝထဲမှာ ပါဝင်နေပါ တယ်။ မေလေးတို့ဇာတ်ကားထဲမှာ မေလေး ပဲဖြစ်ဖြစ်၊ တခြားအနုပညာရှင်၊ အတတ် ပညာရှင်တွေပဲဖြစ်ဖြစ် ဆုရခဲ့မယ်ဆိုရင် လို့ ဆိုတော့…

”မေလေးကတော့ ကိုယ့်ကားဆိုတော့ လည်းရစေချင်တာပေါ့။ ကိုယ်မဟုတ်ရင် တောင်မှ ကိုယ့်ရဲ့ ဇာတ်လမ်းထဲကပဲဖြစ်ဖြစ် တစ်ခုခု တော့ ရစေချင်ပါတယ်။ ဒါပေမဲ့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မေလေးတို့က အနုပညာသမားတွေ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အနုပညာလုပ်ဖော်ကိုင်ဖက် ဘယ်သူပဲရရ မေလေးကတော့ ကျေနပ်ပါတယ်။ ပြီးတော့ ဂုဏ်လည်းဂုဏ်ယူပါတယ်” လို့ ဇင်ဇင် ဇော်မြင့်ကပြောပါတယ်။ တချို့က သူတို့ ရုပ်ရှင်ဇာတ်ကား တွေကို မပါချင်ဘူးလို့ကြား တယ်။ မေလေးတို့ကတော့ လှိုက်လှိုက်လှဲလှဲ ပါဝင်ဖြစ်တယ်နော်လို့ဆိုတော့…

”စာနယ်ဇင်းတွေ အကုန်လုံး လည်း စုံစုံ လင်လင်တွေ့ရတယ်။ နောက်ပြီးတော့ ကိုယ့် ရဲ့ရုပ်ရှင်နယ် ပယ်အသီးသီးက လူတွေလည်း တွေ့ရတယ်ဆိုတော့ အားလုံးက ပျော်စရာ ကောင်းတယ်လို့လည်းထင် တယ်။ နောက်ပြီး တော့ အတွေ့အကြုံ သစ်တစ်ခု၊ ပညာသစ် တစ်ခုလည်း ရမယ်လို့ ထင်ပါတယ်။ အဲဒါ ကြောင့်မို့ လို့ ဒီလိုပွဲမျိုးကို မေလေးက ဂုဏ် ယူစွာနဲ့ တက်ချင်ပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး က နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနဲ့ Star Awards နဲ့က ဘာတွေ ကွာသွားမယ် လို့ မေလေးထင်လဲ လို့မေးတော့…

”အကယ်ဒမီကကျတော့ အကယ်ဒမီရ တဲ့ရုပ်ရှင်ကားတွေရဲ့ အကြောင်းကို ဘာ ကြောင့်ရလဲ၊ ဘယ်လိုလဲဆိုတာကို Flash Back ပြန်ပြတယ်။ နောက်ပြီးတော့ ဘယ် သူရမလဲဆိုပြီးတော့ ရင်ခုန်ကြတယ်။ အဲဒီလိုမျိုးပေါ့နော်။ ဒီမှာကကျတော့ စာနယ်ဇင်းဆရာကြီးတွေရဲ့ ပြောပြ ချက် တွေအရရော၊ ကိုယ့်ရဲ့ စာနယ် ဇင်းအသိုင်း အဝိုင်းတွေရော၊ အနုပ ညာမောင်နှမ တွေရောဆိုတော့ အဲဒီ လိုမျိုးစကားချင်း ဖလှယ်ချင်းအား ဖြင့် အတွေ့အကြုံတွေအများ ကြီးနဲ့ ပညာတွေအများကြီးရမယ်လို့ထင်ပါ တယ်။ ပြီးတော့ စိတ်ကူးစိတ်သန်းကောင်း ကောင်းတွေလည်း ရမယ်လို့ လည်းထင်ပါ တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီမှာကားတွေက အများကြီးပဲလေ။ အဲဒီတော့ ဘာပဲပြော ပြောမေလေးက အရမ်းကို စိတ်ဝင် စားပါ တယ်” လို့ ဇင်ဇင်ဇော်မြင့်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here