စိန်ခေါ်မှုရှိတဲ့ကာရိုက်တာမျိုးကိုရိုက်ကူးရတာပိုသဘောကျတယ်အေးဝတ်ရည်သောင်း

0
134

ပရိသတ်အချစ်တော် အေးဝတ် ရည်သောင်းကတော့ လတ်တလော မှာ ဒါရိုက်တာ သားညီရိုက်ကူးတဲ့ ရင်ခွင်ရှင်းတမ်းဇာတ်လမ်းတွဲမှာ ဆရာဝန်မလေး ကာရိုက်တာကနေ သရုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရ ပါတယ်။ ဇာတ်လမ်းတွဲနဲ့ ပတ်သက် ပြီး ကြိုတင်ပြင်ဆင်မှုအပိုင်းနဲ့ ပတ် သက်ပြီး ဘာတွေလုပ်နေရလဲလို့ မေးကြည့်တဲ့အခါမှာတော့ အေးဝတ် ရည်သောင်းက…

”ဒီထဲမှာ ပေါက်စီက ဆရာဝန် အမျိုးသမီးတစ်ယောက်အနေနဲ့ပေါ့။ ထက်မြက်တဲ့ အမျိုးသမီးတစ် ယောက်အနေနဲ့ ပါဝင်ထားတာပါ။ ဒီဇာတ်ကားက ကြိုတင်ပြင်ဆင်မှုက တော့ တော်တော်လုပ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဝန်ဖြစ် နေလို့လေ။ ဆရာဝန် ဖြစ်နေတော့ ဆရာဝန်ဆိုတော့ အမှားမခံဘူး။ သူတို့ကလည်း ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းလေးတွေ ရှိတာ ဆိုတော့ အဲဒီဟာတွေကို ပေါက်စီ မှားလို့မရဘူး။ မှားလို့မရတဲ့အတွက် ကြောင့် ပေါက်စီဆရာဝန်တစ် ယောက်အနေနဲ့ ပရော်ဖက်ဆာ အန်ကယ်နေဝင်းက ဆရာမတစ် ယောက်နဲ့ ပေါက်စီကို ချိတ်ပေး တယ်။ နောက်တော့ ပစ္စည်းတွေ ကိုင်တာကအစ အကုန်လုံး ကူညီပေး ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပေါက်စီကြိုတင်ပြင်ဆင်မှုကလည်း အများကြီး ရှိတယ်။ နောက်ပြီးတော့ ဒီဇာတ်ကားရိုက်ကူးနေတုန်းတစ် လျှောက်လည်း တစ်ယောက်က ဘေးနားက ပါနေမှာပါ”လို့ ဇာတ် လမ်းတွဲ ရိုက်ကူးမယ့် ကြိုတင်ပြင် ဆင်မှုတွေ ပြောပြခဲ့ပါတယ်။

ကာရိုက်တာ ရွေးချယ်မှုနဲ့ ပတ် သက်ပြီး စိန်ခေါ်မှုရှိတဲ့ ကာရိုက်တာ တိုင်းကို ရိုက်ကူးချင်တယ်လို့ အေး ဝတ်ရည်သောင်းက…

”ပေါက်စီကလေ ပေါက်စီကို ခိုင်းတဲ့ကာရိုက်တာမျိုး၊ စိန်ခေါ်မှုရှိ မယ့် ကာရိုက်တာမျိုးကို ရိုက်ကူးချင် တယ်။ ကြိုက်လည်းကြိုက်တယ်။ နင်တကယ်လုပ်မှာလား၊ ဒီကာရိုက် တာကို အဲဒီလိုမျိုးပေါ့နော်။ လာပြီး တော့ စိန်ခေါ်တဲ့ ကာရိုက်တာမျိုးကို သဘောကျတယ်။ ဥပမာ ဒီဟာကို ရိုက်ကူးနေကြပုံစံထက် ကွဲထွက် သွားမယ့် ပုံစံကို ရိုက်ကူးရင် ပေါက် စီသဘောကျတယ်။ အဲဒီလိုမျိုးလည်း လုပ်ချင်တယ်။ စိတ်ကူးထားတာတွေ လည်း ရှိတယ်။ အဲဒါတွေကလည်း ခက်မယ့်ဟာတွေကြီးပဲများမယ်”လို့ ပြောပါတယ်။

သရုပ်ဆောင် အေးဝတ်ရည် သောင်းက ၂ဝ၁၉ ခုနှစ်မှာ ရင်ခွင် ရှင်းတမ်းဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက် ကူးနေပြီး ဇူလိုင်လထဲမှာ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့ ပြင်ဆင်မှု တွေလည်း ပြုလုပ်နေတယ်လို့ သိရပါ တယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here