Star Awards ဆုပေးပွဲမှာ ဆန္ဒအလျောက်မပါဝင်ချင်တဲ့ ဒါရိုက်တာ တချို့ ရှိကြောင်း ဆုရွေးချယ်ရေးဥက္ကဋ္ဌ ဦးဝင်းငြိမ်းပြောပြ

0
309

မြန်မာနိုင်ငံသတင်းစာဆရာ အသင်းမှ ကြီးမှူးကျင်းပတဲ့ Star Awards ဆုပေးပွဲ ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆရာဦးဝင်း ငြိမ်းက တာဝန်ယူထားပါတယ်။ ဆု တစ်ဆုကို ငွေကျပ်သိန်း ၅ဝ ချီးမြှင့် မယ့် Star Awards ဆုပေးပွဲအတွက် ဆန်ခါတင်ဇာတ်ကား ၂ဝကို အကဲ ဖြတ်ကြမှာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ် ကား ၈၃ကားထဲက ဇာတ်ကား ၂ဝကို ဘယ်လိုရွေးချယ်ဖြစ်တာလဲဆို တာကိုတော့ ဦးဝင်းငြိမ်းက…

”ကျွန်တော်တို့ ရုပ်ရှင်ကားဆု စာရင်းဝင်တာဆိုရင် ၈၃ကား ပေါ့နော်။ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးကထုတ်ပြန်ထားတဲ့စာရင်းပေါ့။ ၈၃ကားရှိတယ်။ သို့သော် ၈၃ကား စလုံး ကျွန်တော်တို့မကြည့်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အများစုက ကြည့်ဖို့မလိုအပ်တဲ့ကားတွေပေါ့ နော်။ ဆုအတွက် ကြည့်ဖို့မလို အပ်တဲ့ကားတွေကို ဖယ်လိုက်ပြီး တော့ ကား ၂ဝကျွန်တော်တို့ရွေး ထားတယ်။ အဲဒီကား ၂ဝကို ကျွန် တော်တို့ စကြည့်နေပြီ။ အဲဒီအထဲက နေပဲ ရွေးသွားမှာပါ။ တချို့ဒါရိုက် တာတစ်ယောက်နှစ်ယောက်လောက် က သူတို့ကားမပါချင်ဘူးလို့ အတိအ လင်းပြောထားပါတယ်။ ပြောထား တော့ ကျွန်တော်တို့က စဉ်းစားလိုက် တဲ့အခါမှာ ဒါရိုက်တာက ကားထုပ် ကိုပိုင်တာလား၊ ထုတ်လုပ်သူက ကား ထုပ်ကိုပိုင်တာလားဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။ အဲဒီတော့ ဒါရိုက် တာပိုင်းကိုတော့ သူ့ကို စဉ်းစား စရာမလိုတော့ဘူးပေါ့။ သူကမပါချင် ဘူးပြောတာကိုး။ ဒါပေမဲ့ ကားထုပ်နဲ့ ပတ်သက်လို့ကတော့ ပိုင်ရှင်က သူတို့ကပါပါတယ်လို့ပြောထားတဲ့အ တွက် ကားထုပ်နဲ့ပတ်သက်လို့ကတော့ စဉ်းစားစရာဖြစ်သွားတာပေါ့နော်။ ဆိုကြပါစို့၊ ဇာတ်ကားတစ်ကားပေါ့ နော်။ ဒါရိုက်တာက မပါချင်ဘူးလို့ ပြောတဲဟာကို ကျွန်တော်တို့က ဇွတ်ကြီးဆုပေးလို့မရနိုင်ဘူး။ ဒါပေမဲ့ သူ့ထုတ်လုပ်သူကတော့ မဟုတ်ဘူး။ ကျွန်တော်ကတော့ ပါတယ်လို့ ပြော ရင် တခြားဆုတွေအတွက်ကတော့ ကျွန်တော်တို့စဉ်းစားပေးရမှာပေါ့” လို့ပြောပါတယ်။

Star Awards ကျင်းပမယ့် အချိန်က အကယ်ဒမီပေးပွဲထက် တစ်လလောက်နောက်ကျမှကျင်းပတာဆိုတော့ ပရိသတ်စိတ်ဝင်စားပါ့မလားဆိုတဲ့အပေါ်ကိုတော့ ဆရာဦး ဝင်းငြိမ်းက စိတ်ဝင်စားမှုရှိနိုင်ပါ တယ်လို့ ပြောခဲ့ပြီး ဘာဖြစ်လို့ အကယ်ဒမီပေးပွဲထက်နောက်ကျမှကျင်းပရတာလဲဆိုတာကိုတော့
”အထင်ရှားဆုံးကတော့ ဟော လီးဝုဒ်ပေါ့နော်။ ဟောလီးဝုဒ်မှာ အမြဲတမ်ွးသိုနည ြူသဘန် က အရင်ကျင်းပတယ်။ ပြီးတော့မှ ဥျခမေ ကကျင်းပတယ်။ ကျွန်တော် တို့က တကယ့်တကယ်ကျတော့ ဖေဖော်ဝါရီထဲမှာ ကျင်းပဖို့ စီစဉ်ထားပြီးသားပါ။ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးရဲ့ သဘောထားက အကယ်ဒမီပေးပွဲရဲ့ ရှေ့မှာ မကျင်း ပပါနဲ့။ နောက်ဆုတ်ပေးပါဆိုလို့ ကျွန်တော်တို့ နောက်ဆုတ်ပေးထား တာပါ” လို့ ပြောပါတယ်။ှအမေ ဗတမေိ ကို နှစ်တိုင်းကျင်းပနိုင်ဖို့ ရည်ရွယ်ထားကြောင်းကိုလည်း ဆရာက…

”နှစ်တိုင်းလုပ်ဖို့တော့ ကျွန်တော်တို့ကြိုးစားပါမယ်။ ဒီနှစ်က ပွဲဦးထွက်ပေါ့နော်။ှအနူညှေနလနည ကလည်း သူတို့လည်း နှစ်တိုင်းပံ့ ပိုးပေးပါမယ်လို့ ကတိရှိထားပါတယ်။ သူတို့ပံ့ပိုးမှုရှိမယ်။ ကျွန်တော် တို့လည်း သူတို့နဲ့ လက်တွဲပြီးတော့ နှစ်စဉ်နှစ်တိုင်းကျင်းပနိုင်ဖို့ကြိုးစားပါမယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here