ပရိသတ် ဖြစ်စေချင်တဲ့အတိုင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေသူ ပြေတီဦး

0
256

သရုပ်ဆောင် ပြေတီဦးကတော့ မကြာမီ ရုံတင်ပြသတော့မယ့် လူပျိုသိုး ရုပ်ရှင်ဇာတ် ကားမှာ စိုးမြတ်သူဇာ၊ မိုးဟေကိုစတဲ့ သရုပ် ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင် သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး . . .

”ဒီဇာတ်ကားထဲမှာ ကျွန်တော် ပါဝင်ထား တဲ့ ဇာတ်ရုပ်ကတော့ ရွာထဲမှာမိန်းမရဖို့ ကြိုးစားနေတဲ့ လူပျိုကြီးပေါ့။ အဲဒီမှာမိုးဟေကို ကို ပိုးရတာပေါ့။ ရိုက်ကူးတုန်းကလည်း အရမ်းရယ်တယ်။ လူပျိုသိုးဆိုတာကတော့ လူပျိုကြီးဘဝမှာ အချိန်ကြာသွားပြီး မလတ် ဆတ်တော့ဘူးပေါ့။ အဲဒါကြောင့်လူပျိုသိုး လို့ခေါ်တာပေါ့။ ကိုယ်ကတော့ လူပျိုကြီးရဲ့ Mood ကို ပြန်ထည့်ပြီး သရုပ်ဆောင်ရတာပါ။ ပျော်စရာလေးပေါ။ ပရိသတ်တွေအတွက် စိတ်အမောပြေစေမယ့် ကားလေးတစ်ကားဖြစ်မှာပါ”လို့ ပြေတီဦးက ဆိုပါတယ်။

ခေတ်ရေစီးကြောင်းပြောင်းလဲ လာတာနဲ့ အမျှ ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်နေ ကြောင်းကိုလည်း သရုပ်ဆောင်ပြေတီဦးအခုလိုပြောပြခဲ့ပါတယ်။

”ကျွန်တော်အခု ကားရိုက်နားထားပါ တယ်။ ဘာလိုလဲဆိုတော့ ဆံပင်မရှိလိုပါ။ ဆံပင်ပြန်ရှည်လာရင်လည်း ရိုက်ဖြစ်ချင်မှ ရိုက်ဖြစ် မယ်။ ကျွန်တော်ပြင်ဆင်နေပါတယ်။ ပြင်ဆင်နေတယ်ဆိုကတော့ ဇာတ်လမ်းတွေ ရော ကိုယ်ကိုယ်ကိုယ် တိုင်ရဲ့ အနေအထား တွေရောပေါ့။ ခုနောက်ပိုင်းကခေတ်ကပြောင်း လာပြီလေ။ ပြောင်းသွားပြီဆိုတော့ အရင်လို ဇာတ်လမ်းတစ်ပုဒ်ကို တစ်လအတွင်း၊ နှစ်လ အတွင်း ရိုက်လို့ မရတော့ဘူး။ အနည်းဆုံး ရုပ်ရှင်ကားတစ်ကားကို ခြောက်လတစ်နှစ် အချိန်ပေးပြီး ရိုက်ရမယ့်ခေတ်ကို ရောက်လာ ပြီပေါ့။ အဲဒီတော့ ကျွန်တော်တို့လည်း ပရိ သတ်တွေဖြစ်စေချင်တဲ့ ဆန္ဒအတိုင်းပရိသတ်တွေမြင်ချင်တဲ့ပုံစံအတိုင်းဖြစ်ဖို့အတွက် ပြုပြင် ပြောင်းလဲပြီးတော့ကြိုးစားရတာပေါ့။ ကျွန်တော်ထင်ပါတယ် ဒီ ၂ဝ၁၉ ခုနှစ်လုံးမှာမှ ကျွန်တော် ရုပ်ရှင်ဇာတ်ကား ငါးကားပတ်ဝန်း ကျင်လောက်ပဲ ရိုက်ကူးဖြစ်မှာပါ။ အားလပ် ချိန်တွေအရမ်းများမှာပါ။ ခေတ်ကာလပြောင်း ပြီးရေစီးကြောင်း ပြောင်းသွားတာကတော့ ကျေနပ်တယ်။ မိသားစုအတွက်လည်း အရမ်း ကောင်းသလိုကိုယ်တိုင်လည်း ပြင်ဆင်ချိန်တွေ ရပါတယ်” လို့ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here