ကိုယ်ကျင့်တရားစံနှုန်းကောင်းများ

0
533

ငါတို့သည် အရာရာ၌ ရိုးသား ဖြောင့်မတ်စွာ ကျင့်ကြံလိုသဖြင့် သြ တ္တပ္ပစိတ် ကြည်လင်ကြောင်း ယုံကြည်စိတ်ချကြ၏”

စာအုပ်တွေထဲမှာ ‘ရိုးသားမှု’ လို့ ဘာသာပြန်ဆိုထားတဲ့ ဂရိစကား လုံးရဲ့ မူရင်းအဓိပ္ပါယ်က ‘နဂိုအရင်း ခံ ကောင်းမွန်ခြင်း’လို့ ဆိုပါတယ်။ ‘စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရား စံနှုန်း’လို့လည်း အဓိပ္ပါယ်ဆောင်ပါ တယ်။

မနက်တိုင်းမှာ လူအများစုဟာ အပြင်မထွက်ခင် တစ်ချက်လောက် တော့ ‘မှန်’ကို ကြည့်ကြတယ်။ ဘာလို့ ကြည့်တာလဲ။ ကိုယ့်ရုပ်ကို ကြည့်ကောင်းစေချင်လို့ မဟုတ် လား။ ဒါပေမဲ့ ဆံပင်ပုံစံစတိုင်ကျ တာ၊ ဖက်ရှင်ကျတဲ့ အဝတ်အစား တွေထက် ပိုအရေးကြီးတဲ့ အရာတွေ ရှိပါတယ်။ အဲဒါက ”မိမိရဲ့ စိတ်သ ဘောထားပါ”။
စိတ်သဘောထားက အပြင် ပမ်းရုပ်သွင်ကို ပိုကြည့်ကောင်းစေ နိုင်သလို၊ ရုပ်ဆိုးစေနိုင်စွမ်းလည်း ရှိ ပါတယ်။

”လူတို့သည် ငယ်သောအရွယ် မှစ၍ စိတ်နှလုံးအကြံအစည် ဆိုး ကြတယ်လို့ ကျွန်တော်ကြားခဲ့ဖူးပါ တယ်။ ဒါကြောင့်မို့ ရိုးသားဖို့ဆိုရင် ကျွန်တော်တို့ရဲ့ မွေးရာပါ အပြစ်လို စိတ်ကို အဆက်မပြတ် တွန်းလှန်နေ ရမှာ ဖြစ်တယ်။ ဥပမာ – မကောင်း တာတွေကို လုပ်ချင်စိတ် ပြင်းပြလာ တဲ့အခါ၊ မရိုးမသား လုပ်ချင်တဲ့ စိတ် တွေ ပြင်းထန်လာတဲ့အခါ။ စိတ်စေ စားရာအတိုင်း လိုက်လုပ်စရာ မလို ပါဘူး။ ကိစ္စရပ်တိုင်းမှာ ရွေးချယ် စရာတွေ ရှိနေပါတယ်။ ကျွန်တော် တို့က မကောင်းတဲ့ အတွေးတွေကို ငြင်းပယ်ပြီး မရိုးသားတဲ့ လောက အလယ်မှာ ရိုးရိုးသားသားနေထိုင်ပါ တယ်။ ဘယ်သူ့မှ ကြောက်စရာ မလို သလို ကိုယ့်စိတ်ကို လုံလုံခြုံခြုံ နေနိုင်စွမ်းရှိတယ်လို့ မှတ်ယူရပါ မယ်။

(၂)

ရိုးသားဖို့ဆိုရင် ကျွန်တော်တို့မှာ ကိုယ်ကျင့်တရား စံနှုန်းကောင်းတစ် ခု ရှိရမယ်။ ဒါပေမဲ့ လူများစွာဟာ ကိုယ်ကျင့်တရားစံနှုန်းထက် ကိုယ့်ဘ ဝ ကောင်းစားဖို့ တစ်ကိုယ်ကောင်း စိတ်ထားတွေပဲ အလေးပေး စဉ်း စားကြတယ်။ ဒီတော့ ဘာဖြစ်လာသ လဲ။ အခြေအနေရ နည်းနည်းပါးပါး မရိုးမသားလုပ်တာက ဘာမှမဖြစ်ပါ ဘူးလို့ ထင်လာကြတယ်။

”အများအားဖြင့် သူများတွေက ကိုယ့်ကို ရိုးသားပါတယ်လို့ ထင်နေ တဲ့ အတိုင်းအတာအထိ ကျွန်တော် တို့က မရိုးမသားလုပ်ခဲ့ကြတယ်”လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့လို့ မှတ်မိနေပါတယ်။ ဒါဆိုရင် မရိုးမ သားလုပ်တယ်ဆိုတာ ဘာမှန်းကွဲကွဲ ပြားပြားသိအောင် ကူညီပေးနိုင်တဲ့ ယုံကြည်စိတ်ချနိုင်တဲ့ စံနှုန်းရှိပါသ လား။ ရှိပါတယ်။ ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာဟာ စာအုပ်စာပေ တွေထဲမှာ လက်တွေ့ကျတဲ့ လမ်းညွှန် ချက်တွေပါကြောင်း ဖတ်ဖူးခဲ့ကြ တယ်။ စာအုပ်စာပေတွေထဲမှာ အကောင်းဆုံး ကိုယ်ကျင့်တရား စံနှုန်းတွေ ပါတယ်။ မိသားစု၊ အလုပ် အကိုင်၊ ကိုယ်ကျင့်တရား၊ ဘာသာ ရေး၊ နိုင်ငံရေး စတဲ့ကိစ္စတွေနဲ့ ပတ် သက်ပြီး ယုံကြည်စိတ်ချထိုက်တဲ့ လမ်းညွှန်ချက်တွေ ပါတယ်။ အချိန် မရွေး မှန်ကန်ကြောင်း သက်သေထူ ခဲ့ပြီးပါပြီ။

ဘယ်လူမျိုး၊ ဘယ်ဘာသာအ တွက်မဆို အသုံးဝင်ပါတယ်။ စာအုပ် စာပေတွေကို သေချာလေ့လာပါ။ သူတစ်ပါးနဲ့ ပြောဆိုဆက်ဆံရာမှာ တွေးတောဆင်ခြင်ပြီး ဖတ်ဖူးခဲ့တဲ့ လမ်းညွှန်ချက်တွေကို လက်တွေ့ကျင့် သုံးရင် ကျွန်တော်တို့ဟာ ရိုးသား ဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားတွေ ကောင်းလာပါလိမ့်မယ်။ တကယ် တော့ မရိုးသားမှုကို တွန်းလှန်ဖို့ စာအုပ်စာပေ၊ အသိပညာတွေ ရှိရုံ သာမက လက်တွေ့ကျင့်သုံးဖို့လည်း လိုပါတယ်။ ယိုယွင်းနေတဲ့ ကိုယ်ကျင့် တရား စံနှုန်းတွေအတိုင်း နေထိုင်ဖို့ ဖိအားပေးနေတဲ့ လူတွေအလယ်မှာ ကျွန်တော်တို့အားလုံး နေထိုင်ကြရ တယ်။

ဒီလိုမကောင်းတဲ့ အကျင့်ဆိုး တွေကို ပြတ်ပြတ်သားသား တော် လှန်ရပါမယ်။ အဲဒီလို လုပ်မယ်ဆို ရင် မှန်ရာကို လုပ်ဖို့ အချိန်အခါမ ရွေး ရိုးသားစွာ ကျင့်ကြံဖို့၊ မှန်ကန် ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား ကောင်းတွေအတွက် သတ္တိတွေ ရှိလာမှာ ဖြစ်တယ်။

(၃)

(ရိုးသားခြင်းရဲ့ အကျိုးကျေးဇူး များ)

”အမှုသည်တစ်ယောက်က လာဘ်ပေးတာကို ကျွန်တော်မယူဘဲ သူ့ရဲ့အမှုကို နိုင်အောင် ကျွန်တော့် ရဲ့ ကိုယ်ကျင့်တရား စံနှုန်းနဲ့ ရိုးသား စွာ လုပ်ပေးလိုက်ပါတယ်။ အဲဒါကို တရားသူကြီးက သိသွားတော့ ‘မင်းရဲ့ ရိုးသားမှုနဲ့ ကိုယ်ကျင့်တရား ကို ငါတကယ် လေးစားပါတယ် ကွာ။ ငါတောင် မင်းလိုမကျင့်နိုင်ခဲ့ပါ ဘူး။ အဲဒါတော့ ငါဝန်ခံပါတယ်ကွာ။ မင်း လို ကိုယ်ကျင့်တရားကောင်းတဲ့ လူ တစ်ယောက် ငါတို့တရားရုံးမှာ ရှိနေ တာ တကယ်ကို ငါဝမ်းသာပါတယ် ကွာ။ ဂုဏ်လည်းယူပါတယ်။ မင်း တစ်ယောက် အောင်မြင်ပါစေ”

ကိုယ်ကျင့်တရားကောင်းဖို့ လက်တွေ့မလုပ်နိုင်ပေမယ့် အခုလို အသိတရားလေး ရှိတာကိုက ကျွန် တော်တို့ ဝမ်းသာရမယ်။ ကျွန်တော့် အနေနဲ့ကတော့ အချိန်အခါမရွေး ရိုးသားစွာနေမယ်။ ကိုယ့်ရဲ့ ကိုယ် ကျင့်တရားကို သားစဉ်မြေးဆက် အမွေအဖြစ်နဲ့ သေတပန် သက်တစ် ဆုံး ထိန်းသိမ်းမယ်။ မိသားစုကို ရိုး ရိုးသားသား ရှာဖွေကျွေးမွေးမယ်။ တခြားသူတွေကိုလည်း ရိုးသားဖို့ အားပေးမယ်”

”ခုလိုပြောပြတဲ့သူကတော့ မြို့ နယ်တရားရုံးက ရှေ့နေကိုမြင့်လွင် ပါ”

ကျွန်တော်ဟာ (…..) ဘဏ်က လက်ထောက်စီမံခန့်ခွဲရေး မှူးပါ။ ဒီလုပ်ငန်းမှာက ရိုးသားဖို့ ထက် ချမ်းသြာ<ွကယ်ဝဖို့ပဲ ဦးစားပေး ကြတယ်။ ကောင်းစားဖို့အတွက် နည်းနည်းပါးပါးလေး မရိုးမသား လုပ်တာက ဘာမှားလို့လဲဆိုပြီး လူ အများက ရှုမြင်ထားကြတယ်။ ဒါပေမဲ့ ကျွန်တော် ရိုးရိုးသားသား နေလို့ ငွေမချမ်းသာပေမယ့် မိသားစု စိတ်ချမ်းမြေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်ပြီး လည်း ကိုယ်ကျင့်တရား လက်ကိုင် လို့ ရိုးရိုးသားသားနဲ့နေမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဆရာတောက်ရေ။

”ကျွန်တော်ဟာ သူများအတွက် လည်း မလိမ်ပေးခဲ့သလို၊ ကိုယ့်အ တွက်လည်း မလိမ်မှန်း ဝန်ထမ်းတွေ နဲ့ အလုပ်ရှင်ကပါ သိထားကြပါ တယ်။

”ဟုတ်ပါတယ်ခင်ဗျာ။ အခုလို ရိုးသားပွင့်လင်းစွာ ပြောကြားပေးတဲ့ ဦးထွန်းလင်းကျော်ကို အထူးပဲ ကျေး ဇူးတင်ပါတယ်”

”အလုပ်မှာ ပစ္စည်းတချို့ ပျောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထက်အရာရှိက ကျွန်မကို လိမ် ညာခိုင်းပေမယ့် သူပြောသလို မလုပ် ခဲ့ဘူး။ နောက်ဆုံးမှာ သူခိုးတွေကို ဖမ်းမိသွားတော့ အလုပ်ရှင်က ကျွန် မ ရိုးရိုးသားသားနေတာကို ကျေး ဇူးတင်စကား ဆိုတယ်။ မရိုးသားတဲ့ လောကအလယ်မှာ ရိုးသားဖို့ဆိုတာ သတ္တိရှိရမှာဖြစ်ပေမယ့် ရိုးရိုးသား သားနေရင် တခြားသူတွေက ကျွန်မ ရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်နေ မှာ အမှန်ပါပဲ”

”မသက်ထားအောင်ရဲ့ ခိုင်မာ တဲ့ ရိုးသားမှု ကိုယ်ကျင့်တရားစံနှုန်း ကို တကယ်လေးစားမိပါတယ်လို့ ပြောလိုက်ပါရစေဗျာ”

”မိသားစု စားဝတ်နေရေး ကြောင့် သူခိုးတွေနဲ့ တွဲလုပ်ဖို့ အ သက် ၁၃ နှစ်မှာ ကျွန်တော် ကျောင်း ထွက်လိုက် ရတယ်။ ဒါကြောင့် ကျွန်တော်နေ့စဉ် စားဝတ်နေမှုရဲ့ ၉၅ ရာခိုင်နှုန်းက မရိုးသားတဲ့နည်းနဲ့ ရတာချည်းပဲဗျ။ ကျွန်တော် အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်း စာပေဝါသနာပါတဲ့ အမျိုးသမီးနဲ့ အတူ စာအုပ်စာပေ တွေကို အချိန်ရ ရသလို ဖတ်ပါ တယ်။ မရိုးသား တဲ့အကျင့်အကြံ တွေကို စာပေ အသိနဲ့ မုန်းတီးလာ တော့ ကျွန်တော့် ရဲ့ဘဝပုံစံကို ပြောင်းလဲပစ်ဖို့ ရဲရဲတင်းတင်း ဆုံး ဖြတ်လိုက်ပါတယ်။

၁၉၉ဝ ခုနှစ်၊ သင်္ကြန်အကြိုနေ့ မှာ ဒုလ္လဘရဟန်း ဝတ်ခဲ့ပါတယ်။ မကောင်းတဲ့ အညစ်အကြေးတွေကို ခဝါချပြီး နှစ်သစ်မှာ လူသစ်စိတ်သစ် နဲ့ ဘဝသစ်ကို တည်ဆောက်နိုင်ခဲ့ပါ တယ်။

အရင်တုန်းကဆိုရင် ကျွန်တော့် အိမ်မှာ ခိုးရာပါပစ္စည်းတွေချည်းပဲ။ အခုတော့ ခိုးရာပါပစ္စည်းတွေ မရှိ တော့။ ကျွန်တော့်စိတ်တွေလည်း ကြည်လင်လာတယ်။ ကာလအတော် ကြာ မရိုးမသား သူခိုးဘဝနဲ့ နေလာ ခဲ့တဲ့ကျွန်တော်လည်း ကိုယ်စိတ်နှစ် ပါးစလုံး ချမ်းမြေ့စွာနဲ့ ညတိုင်း အိပ် ယာဝင်ရတာလောက် ကြည်နူးစရာ ကောင်းတာ မရှိတော့ပါဘူး ဘဒွေး ညိုရာ”

”တစ်မြို့နယ်လုံး၊ တစ်ရပ်ကွက် လုံးရဲ့ မျက်လုံးဒေါက်ထောက်ကြည့် ခြင်း ခံနေရတဲ့ အော့ကြောလန် စောရမင်းသား မေတ္တာစိန်ရဲ့ ရင် တွင်းဖြစ် ပြောစကားတွေပါပဲ”

(၄)

မှန်ပါတယ်။ မှားမှန်သိစိတ် ကြည်လင်တာ၊ စိတ်ငြိမ်သက်တာ၊ ကိုယ့်ကိုယ်ကို လေးစားတာ စတဲ့အ ကျိုးကျေးဇူးတွေကြောင့် ‘ရိုးသားမှု ဟာ တကယ်အကျိုးရှိပါတယ်’ ဆိုတာကို ကျွန်တော့်မိတ်ဆွေတွေ လည်း သဘောတူတယ် မဟုတ်လား ဗျ။ ရိုးသားမှုနဲ့ အောင်မြင်ခြင်း သရဖူ ဆွတ်ခူးနိုင်ကြပါစေသော်ဝ်။

သွေးနီဥ (မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here