ကွန်လွန်သူ ဦးမင်းစိန်ရဲ့ ဇနီးနဲ့ သမီးအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ပိုပို

0
152

ပိုပိုကသနားတတ်တယ်။ကိုယ်ချင်းစာတတ်တယ်။စိတ်မကောင်းဖြစ်တတ်တယ်။အခုဆိုလွန်ခဲ့တဲ့ ရက်သတ္တပတ်က ကွယ်လွန်ခဲ့တဲ့လူကြမ်းသရုပ်ဆောင်ဦးမင်းစိန်ရဲ့ ကျန်ရစ်သူ ဇနီးနဲ့ သမီးရှိရာ ထောက်ကြန့်မြို့နယ်၊တိလောကရပ်ကွက်၊မိတ်တလမ်းကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။


“ဦးမင်းစိန်နဲ့ပိုနဲ့မခင်ပါဘူး။ဒါပေမယ့် အခုလိုမျိုးဖြစ်တော့ စိတ်မကောင်းဖြစ်ရတယ်။သူ့သမီးလေးကိုလည်းသနားတယ်။ပိုဆိုလည်း ၈တန်းမှာအဖေဆုံးသွားတော့ အရမ်းခံစားရတယ်။အဲ့ဒီတော့ မိဘမရှိတဲ့ ကလေးတွေရဲ့ခံစားချက်ကို နားလည်တယ်။ကိုယ်ချင်းစာတယ်။အဲ့ဒါကြောင့် လာရောက်လှူဒါန်းဖြစ်တာပါ” လို့ ပိုပိုကပြောပါတယ်။ပိုပိုက ငွေရေးကြေးရေးထောက်ပံ့ခဲ့တဲ့အပြင် သူ့ကို ပရိတ်သတ်တွေပေးထားတဲ့ အရုပ်လေး၂ရုပ်ကိုလည်း ဦးမင်းစိန်သမီးလေးကို လက်ဆောင်ပေးခဲ့ပါသေးတယ်။

 

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here