သီချင်းအသစ်တွေ မထွက်ဘဲ လျှောက်သွားနေတယ် မထင်ပါနဲ့လို့ ပရိသတ်ကို ပြောလိုက်တဲ့ ရဲရင့်အောင်

0
305

၂ဝ၁၉ ကို ကြိုဆိုမယ့် ဒီနှစ်နယူးရီးယားကတော့ ရဲရင့်အောင်အတွက် ရုပ်ရှင်ရိုက်ကူးရင်း ဖြတ်သန်းရမယ့်နှစ်ပါ။ သူရှေ့မှာလည်း ရုပ်ရှင်တစ်ကား ရိုက်ထားတယ်။ ပြီးပြီးချင်း သိပ်မကြာဘူး။ အခု ‘Jin Party’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတာဖြစ်ပါတယ်။ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ လူမင်း၊ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ အိâန္ဒာကျော်ဇင်၊ ရွှေအိမ်စည်စ သဖြင့် နာမည်ကျော်တွေနဲ့ ရိုက်ကူးရ မယ့် ‘Jin Party’ မှာ ရဲရင့်အောင် က …

”ကျွန်တော်ကတက်တူးထိုး တယ်ပေါ့။ တက်တူးဆရာတော့ မဟုတ်ဘူး။ တက်တူးထိုးတာကို သဘောကျတယ်ဘာညာပေါ့။ ကြီး ကြီးကျယ်ကျယ်ပြောတယ်။ ဆရာ ကြီးလို့ထင်တယ်။ ပြီးရင် ဘာမှ မဟုတ်ဘူး။ အဲဒီလိုပုံစံပေါ့။ ဒီကား ကအရင်တုန်းက ရိုက်ခဲ့တဲ့ကား တွေလိုမျိုး ချစ်တာတွေ၊ မုန်းတာ တွေမဟုတ်ဘဲနဲ့ ပေါ့ပေါ့ပါးပါး သွားတယ်။ ဒါပေမဲ့ အဲဒါလည်း ကျွန်တော့်အတွက် ခက်ခဲပါတယ်။ အဓိကကတော့ အရင်တုန်းက ထက် ကျွန်တော်ဘာလိုသလဲဆိုတာ ကို မြန်မြန်ဆန်ဆန်သတိထားမိတယ်။ အဲဒီလိုပေါ့”လို့ ရဲရင့်အောင်က ပြောပါတယ်။

သီချင်းဘက်ကို မလှည့်ဖြစ် တော့တဲ့အကြောင်းအရင်း ကို လည်းမေးတဲ့အခါ …

”အမှန်အတိုင်းပြောရရင် ကျွန်တော် ရှေ့မှာ ရိုက်ထားတဲ့ကား လက် စမသတ်ခင် ၂ ရက်စာပဲ ကျန် တော့တဲ့အချိန်မှာ သီချင်းလုပ်ဖို့ကို အချိန်ပေးထားတယ်။ ဒါပေမဲ့ ဒီအလုပ် ရုတ်တရက်ပေါ်လာတယ်။ ပြီးတော့ဒီအလုပ်ကလည်း ကျွန်တော် လုပ်သင့်တဲ့အလုပ်လို့ ထင်တဲ့အတွက် ကျွန်တော်သီချင်းလုပ်တဲ့ ဘက်ကို ခဏနားထားတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဖိစီးစရာ တစ်ခုခုပေး လိုက်တဲ့ပုံစံမျိုးတော့ဖြစ် နေတာပေါ့။ ကျွန်တော်သီချင်းအရမ်း လုပ်ချင်နေတယ်။ လုပ်ခွင့် မရသေးဘူးပေါ့နော်။ ပြီးတော့ ကျွန်တော့်ပရိသတ်တွေ ကျွန်တော့် ကိုလာလာပြောကြတယ်။ အခွေ မထွက်သေးဘူးလား။ ကိုရဲရင့် အရမ်းကြာနေပြီ။ တချို့ကျတော့ လည်း ထင်လိမ့်မယ်။ ကျွန်တော် ဘာမှမလုပ်ဘူးပေါ့နော်။ ကျွန်တော် လျှောက်သွားတယ်။ စားနေတယ်။ ဒါတွေပဲသူတို့ မြင်ပါလိမ့်မယ်။ ကျွန် တော် လုပ်နေပါတယ်လို့။ အဲဒါလေးလည်း ပြောချင်ပါတယ်” လို့ ရဲရင့်အောင်က ပြောပြခဲ့ပါ တယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here