Star Awards ဆုချီးမြှင့်ပွဲအတွက် Stage Design ထွက်ပေါ်

0
242

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (MJA)က ကြီးမှူးကျင်းပမယ့် မြန်မာ့ရုပ်ရှင် Star Awards ဆုချီးမြှင့်ပွဲအတွက် Stage Design အပြင်အဆင်ကို ခမ်းနားဆန်းသစ်စွာနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၅ရက်၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာကျင်းပမယ့် Star Awards ဆုချီးမြှင့်ပွဲမှာ အနုပညာရှင်တွေကို ဖိတ်ကြားမယ့်အပြင် ပရိသတ်တွေကိုလည်း လက်မှတ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းက ချီးမြှင့်မယ့် ရုပ်ရှင် Star Awards ဆု ၁၅ဆုအပြင် စီစဉ်တဲ့ Stellar Seven ကလည်း ပွဲတက်ဖက်ရှင် အနုပညာရှင် အမျိုးသား၊ အမျိုးသမီး ၂ဆုအပြင် ပရိသတ်ထဲကလည်း တစ်ဆု ချီးမြှင့်သွားဦးမှာပါ။

“ပွဲစီစဉ်သူ တစ်ယောက်အနေနဲ့ စိုးရိမ်ရတာ အဓိကက ရာသီဥတုပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သုဝဏ္ဏဘူမိကွင်းမှာ လုပ်မယ်ဆိုတော့ ကျွန်မတို့ မကြာခင်ကပဲ ဆေးပေါင်းခတဲ့ည လုပ်သွားတယ်။ မလုပ်ခင် ၂ရက်အလိုလောက်မှာ မုန်တိုင်းလိုမျိုး ဝင်သွားတယ်ပေါ့နော်။ အဲ့ဒီမတိုင်ခင်ရှေ့မှာ လုပ်နေတဲ့ပွဲတောင် ပွဲပျက်သွားတယ်။ ဒါမျိုးတွေတော့ ကျွန်မတို့ Organizer အနေနဲ့က စိုးရိမ်ရပါတယ်။ နောက်ထပ်ကတော့ Stage နဲ့ ပတ်သက်ပြီးတော့ ဖြစ်တတ်တာလေးတွေ စိုးရိမ်ရပါတယ်” လို့ Stellar Seven Entertainment မှ မလင်းဝတ်မှုန်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here