အစ်မဖြစ်သူက သူ့ရဲ့ ကျေးဇူးရှင်ပါဆိုတဲ့ ဂျက်ဆီကာ

0
286

အစ်မဖြစ်သူ မေဂရေ့စ်က ကိုယ့်အတွက် ဘယ်လိုလူမျိုးလည်းဆိုတာကို “အစ်မဖြစ်သူက ဂျက်ဆီကာအတွက် ကျေးဇူးရှင်ပါ။ ဂျက်ဆီရဲ့ မိခင်တော့ မဟုတ်ူး။ မိခင်လို တအားစောင့်ရှောက်ပေးတယ်။ သူငယ်ချင်းလို ပေါင်းလို့ရတယ်။ မေဂရေ့စ်ကို ညီမ အတုယူတယ်။ သူ့ကို လေးစားတယ်။ သဘောကျတယ်။ ဂျက်ဆီကာနဲ့ မေဂရေ့စ်က ညီအစ်မဆိုတာထက် သူငယ်ချင်းလိုမျိုး ပွင့်ပွင့်လင်းလင်း ပေါင်းဖြစ်တယ်။ အဝေးမှာ ရှိနေရင် ရန်သိပ်မဖြစ်ဘူး ဝေးလေ ချစ်လေ။ အနားမှာ အတူတူ ရှိရင်တော့ နည်းနည်းရန်ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မေဂရေ့စ်ကို ညီမအရမ်းချစ်ပါတယ်” လို့ ဂျက်ဆီကာက ပြောပြခဲ့ပါတယ်။

အစ်မဖြစ်သူ မေဂရေ့စ်နဲ့ ပူးပေါင်းပြီး သီချင်းတစ်ပုဒ် ထွက်ရှိဖို့ ရှိတယ်ဆိုတာကိုလည်း ဂျက်ဆီကာက “မေဂရေ့စ် ရေးပေးထားတဲ့ သီချင်းတစ်ပုဒ် ထွက်ဖို့ ရှိတယ်။ သီချင်းက အချစ်သီချင်း နွေရာသီမှာ ကိုယ့်ချစ်သူနဲ့ စတွေ့တဲ့ အချိန်ကို ပြန်သတိရမိတဲ့ ပုံစံမျိုးလေးပါ။ အဲ့ဒီ သီချင်းလေးကို ရက်စ်ပါ(ပ်) တစ်ယောက်ကလည်း ဝင်ဆိုပေးထားတယ်။ ဂျက်ဆီကာ ပြန်ရောက်တုန်း အမှတ်တရလည်း ဖြစ်သွားအောင် မေဂရေ့စ် ကိုယ်တိုင် ရေးပေးထားတာပါ။ အဲ့ဒီသီချင်းလေးကလည်း မကြာခင် ထွက်ရှိတော့မှာပါ။ ဂျက်ဆီကာနဲ့ မေဂရေ့စ်အတူတူ ပူးပေါင်းပြီးတော့ သီချင်းတစ်ပုဒ်ကို ဖန်တီးထားတာပါ” လို့ ပြောပြခဲ့ပါတယ်။

၂၀၁၉မှာ အကောင်းဆုံး ကြိုးစားသွားမယ် ဆိုတာကိုလည်း “ညီမ နိုင်ငံခြားပြန်ပြီး ကျောင်းသွားတက်ရဦးမယ်။ ကျောင်းက ဒုတိယနှစ်ပဲ ရှိသေးတာဆိုတော့ ၂၀၁၉ မှာဂျက်ဆီကာ ၂၀၁၈ ကထက် စာကိုပိုကြိုးစားမယ်။ အနုပညာ အလုပ်တွေကိုလည်း တတ်နိုင်သလောက်လုပ်မယ်” လို့ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း၊
ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here