အသက်ငယ်သေးပေမယ့် အိမ်ထောင်မှုနိုင်နင်းအောင် ကြိုးစားနေသူ ရွှေမှုံရတီ

0
540

အမှားဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံရရှိလာတဲ့ ရွှေမှုံရတီက အခုလတ်တလောမှာ ကြော်ငြာတွေတောက်လျှောက် လက်ခံရိုက်ကူးနေတာ မကြာခင် အချိန်အတွင်းမှာ ရုပ်ရှင်ကားကြီး စတင်ရိုက်ကူးတော့မှာပါ။ ပထမဆုံး ရွှေထူးနဲ့ သီဆိုထားတဲ့ အမှားဆိုတဲ့ သီချင်းကို ပရိသတ်တွေက အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ကြောင်းကို ရွှေမှုံရတီက “သဲမဆိုတတ် ဆိုတတ်ကလေးနဲ့ ဆိုထားတဲ့ သီချင်းကို ပရိသတ်ကြီးက အားပေးကြတဲ့အတွက် သဲအနေနဲ့ ဝမ်းသာတယ်။ ကျေးဇူးအများကြီးလည်း တင်ပါတယ်။ လိုအပ်တာတွေလည်း အများကြီး ရှိနေသေးတယ်။ နောက်ထပ် ဘယ်လိုသီချင်းတွေ ဖန်တီးဖြစ်မလဲဆိုတာ သဲမသိသေးဘူး။ သူရေးပေးမှ သဲက ဆိုရမှာဆိုတော့။ သဲက အနုပညာကို ချစ်တယ်။ သီချင်းတွေ အားလုံးကိုလည်း ချစ်တဲ့အတွက် ဘယ်သီချင်းအမျိုးအစားမဆို လက်ခံနိုင်တယ်။ ဒါပေမယ့် သူကျတော့ သီချင်းနဲ့ ပတ်သက်တာကို ပိုပြီးတော့ သိတယ်။ ဒီလိုမျိုးလေးဆိုရင် သဲနဲ့လိုက်တယ်။ မလိုက်ဘူးဆိုတာ သူသင်ပေးတဲ့ ဂိုက်လိုင်းပေါ် မူတည်ပြီးတော့ သီချင်းတွေကို ဆိုဖြစ်တာပါ” လို့ ပြောပြခဲ့ပါတယ်။

အိမ်ထောင်ကျပြီးတဲ့ အချိန်မှာ အိမ်ထောင်မှုနိုင်နင်းတဲ့ မိန်းမတစ်ယောက် ဖြစ်အောင် ကြိုးစားနေတဲ့ ရွှေမှုံရတီက “သဲအသက်ကတော့ ငယ်သေးတယ်။ ဒါပေမဲ့ အိမ်ထောင်မှု နိုင်နင်းတဲ့ မိန်းမတစ်ယောက်ဖြစ်အောင် သဲကြိုးစားနေတယ်။ အပျိုတော့ မဟုတ်တော့ဘူးလေ။ စည်းကမ်းလေးတော့ နည်းနည်းပိုရှိလာတယ်။ ကိုယ့်ယောက်ျားအပ်ါမှာ ရိုသေလေးစားမှုရှိတယ်။ လောလောဆယ် အိမ်ထောင်သည် အမှတ်တရကတော့ သဲချက်ကျွေးတဲ့ ဟင်းတွေကြောင့် သူနည်းနည်းပိုဝလာတယ်။ သူကြိုက်တာကိုပဲ သဲချက်ကျွေးဖြစ်တယ်” လို့ပြောပြခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက အိမ်ထောင်သည်ဘဝမှာ ပိုချစ်လာတဲ့အတွက် ပိုဝမ်းသာမိတယ်ဆိုတာကို ရွှေမှုံရတီက “ယောက်ျားက မျက်နှာမညှိုးအောင်ထားတော့ မျက်နှာမှာ အရေးအကြောင်းတွေတောင် ပေါ်လာတယ်။ တအားရယ်လွန်းအားကြီးလို့။ သူကရည်းစားဘဝကတည်းက သဲကို မျက်နှာမညှိုးအောင်ထားတဲ့သူဆိုတော့ အိမ်ထောင်သည်ဖြစ်သွားမှ ပိုချစ်တယ်လို့ ခံစားရတယ်။ တအားဂရုစိုက်တယ်။ သူ့မိန်းမကို မျက်စိရှေ့ကနေ ၁၀ စက္ကန့်တောင် အပျောက်မခံဘူး။ ကိုယ့်ယောက်ျားက ပိုပိုချစ်လာတော့ ပိုဝမ်းသာတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here