နှစ်နှစ်ကာကာချစ်ပြီး မြတ်နိုးတဲ့သူကို တွေ့မှပဲ လက်တွဲဖြစ်မယ့် သွန်းဆက်

0
280

၂၀၁၈ ခုနှစ်တစ်နှစ်လုံး အနုပညာ အလုပ်တွေနဲ့ ဝေးကွာသွားပြီး မိသားစုကိစ္စတွေကို အချိန်ပေးဖြစ်တဲ့ သွန်းဆက်ဟာ ၂၀၁၉ ခုနှစ်မှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင် လာပြီဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အမေ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေ ၂၀၁၈ ခုနှစ်မှာ သိပ်မလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို မေးကြည့်တဲ့ အခါမှာတော့ သွန်းဆက်က . . .

“အစ်မ ၂၀၁၈ ခုနှစ်ကတော့ တော်တော်ဆိုးတဲ့ နှစ်ပါ။ သွန်းဆက်အတွက် အဲ့ဒါတွေကို မေ့လိုက်ပါပြီ။ သွန်းဆက် ငယ်ငယ်ကတည်းက စိတ်ညစ်စရာတွေရှိရင် မေ့ပျောက်တတ်တယ်။ လက်ရှိမှာ ဘယ်လိုကောင်းအောင် နေရမလဲ။ ကံမကောင်းတာတွေ ဖြစ်မှာစိုးလို့ ဘာသာရေးကို ပိုလုပ်ဖြစ်တယ်။ အရင်တုန်းကဆိုရင် ဘာသာရေးတွေ သိပ်မလုပ်ဖြစ်ဘေူး။ အခုလို အမေ့ကို ဂရုစိုက်တယ်။ အလုပ်တွေ သေချာပြန်ပြီးတော့ တော်တော်များများ လက်ခံထားတယ်” လို့ ပြောပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး အမြဲကံမကောင်းဖြစ်နေတဲ့ သွန်းဆက် တစ်ယောက် အချစ်ရေးနဲ့ ပတ်သက်ပြီး အမြဲပူလောင်နေရတယ်ဆိုတဲ့ သွန်းဆက်က . . .

“အချစ်ရေးနဲ့ ပတ်သက်ပြီး အခုချိန်မှာ ဘာမှစဉ်းစားထားတာ မရှိပါဘူး။ သွန်းဆက်တွေ့ရတဲ့ အချစ်ရေးဟာ အရမ်းပူလောင်တဲ့ အချစ်မျိုးပါ။ အမြဲတမ်း တော်လျှောက် တွေ့တိုင်းမှာ အဲ့ဒီလို Relationship တွေက စိတ်ညစ်ရတာ များတာပေါ့နော်။ အဲ့ဒါကြောင့် အချစ်ရေးကို ၂၀၁၉ ခုနှစ် အစီအစဉ်ဆွဲထားတဲ့ အထဲမှာ အချစ်ရေးကို ခဏဖယ်ထားပါတယ်။ ကိုယ့်ကို တစ်ကယ်နှစ်နှစ်ကာကာချစ်ပြီး မြတ်နိုးတဲ့သူကို တွေ့မှပဲ တွဲရင်လည်း တွဲရမှာပေါ့။ အခုထိတော့ အဲ့ဒီလို မတွေ့သေးပါဘူး။ တွေ့လည်း တော်တော် စဉ်းစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အချစ်ရေးမှာ အမြဲကံမကောင်းနေတတ်တော့ တော်တော် စဉ်းစားရမယ်” လို့ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here