လင့်ဆေးလိုဟန်ရဲ့ Beach House ရုပ်သံစတင်ပြသ

0
216

မင်းသမီး လင့်ဆေးလိုဟန် ဖန်တီးတင်ဆက်တဲ့ “Beach Club” ရုပ်သံဇာတ်လမ်းရဲ့ ပထမအပိုင်းကို ဇန်နဝါရီလ ၈ရက်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။

ဟောလိဝုဒ် မင်းသမီးချော၊ ဖက်ရှင်ဒီဇိုင်နာ၊ စီးပွားရေး လုပ်ငန်းရှင် အပြင်အဆိုတော် အဖြစ်ပါ လုပ်ကိုင်နေတဲ့ လင့်ဆေးလိုဟန်ရဲ့ စီးပွားရေးအင်ပါယာ ချဲ့ထွင်မှုအနေနဲ့ ဂရိနိုင်ငံက မစ်ကနိုစ့်ကျွန်းရဲ့ ပင်လယ်ကမ်းခြေမှာ ဘိ့ခ်ျဟောက်စ်လို့ခေါ်တဲ့ ကမ်းခြေစခန်းတစ်ခု ဖွင့်လှစ်လုပ်ကိုင်နေတာပါ။

အခုတင်ဆက်ပြသခဲ့တဲ့ ရုပ်သံကတော့ သူ့ရဲ့ မစ်ကနို့စ်က ကမ်းခြေ အပန်းဖြေစခန်းကို ဇာတ်အိမ်ထားပြီး ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းကို သူကိုယ်တိုင်ဦးဆောင်ပြီး အဖွဲ့သားတွေ စုံလင်စွာနဲ့ လှပစွာ ရိုက်ကူးပြသထားတာပါ။ စီးပွားဖြစ် ရုပ်သံဇာတ်လမ်းလို့ ပြောလို့ရသလို သူ့ရဲ့ ကမ်းခြေက အပန်းဖြေစခန်းကိုလည်း တစ်ကမ္ဘာလုံးက သိသွားစေခဲ့လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

ရုပ်သံထဲမှာ လင့်ဆေးလိုဟန်ကလွဲလို့ ရုပ်ရှင်သရုပ်ဆောင် နာမည်ကြီးတွေ မပါဝင်ပါဘူး။ Beach Club Employeesလို့ဆိုတဲ့ သူ့ရဲ့ ကမ်းခြေက ဝန်ထမ်းတွေနဲ့ အလှပဆုံး ရိုက်ကူးပြသထားတယ်လို့ သိရပါတယ်။

Ref : Enews


LEAVE A REPLY

Please enter your comment!
Please enter your name here