ထိုင်းနိုင်ငံ မယ်ဆိုင်က ဂူထဲမှာ ပိတ်မိခဲ့တဲ့ ထိုင်းလူငယ်လေးတွေအကြောင်း ဟောလိဝုဒ်က ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်

0
216

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်မှာရှိတဲ့ ဂူကြီးတစ်ခုထဲမှာ ၁၇ရက်ကြာ ပိတ်မိခဲ့တဲ့ ထိုင်းနိုင်ငံက တောဝက်လူငယ်ဘောလုံးအသင်းသား ကျောင်းသားလူငယ် ၁၂ ယောက်နဲ့အတူ သူတို့ရဲ့ နည်းပြဆရာတို့ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ ကယ်ဆယ်ရေးလုပ်ငန်း အဆင့်ဆင့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကို လော့စ်အိန်ဂျလိ့စ် အခြေစိုက် အိုင်ဗင်ဟိုး ရုပ်ရှင်ကုမ္ပဏီက အသက်သွင်း ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

အိုင်ဗင်ဟိုး ရုပ်ရှင်ကုမ္ပဏီဆိုတာကလည်း ၂၀၁၈ ခုနှစ်မှာ အရမ်းအောင်မြင်တဲ့ “Crazy Rich Asians” ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး Crazy Rich Asians ဒါရိုက်တာ ဂျွန်အင်ချူးကပဲ တာဝန်ယူ ရိုက်ကူးမှာ ဖြစ်ပါတယ်။

စည်းလုံးညီညွတ်မှုရှိတဲ့ လူငယ်လေးတွေရဲ့ စိတ်ဓာတ်နဲ့ ခွန်အား၊ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ရဲရဲရင့်ရင့်နဲ့ အသက်စွန့် ကယ်တင်ခဲ့ကြတဲ့ လူသားဆန်တဲ့ စိတ်ဓာတ် အစရှိတဲ့ ဆုပ်ကိုင်ပြလို့ မရတဲ့ လူသားအချင်းချင်း တန်ဖိုးထားတတ်တဲ့ စိတ်သဏ္ဍာန်ကို ပေါ်လွင်အောင် ရိုက်ကူးပြသသွားမယ်လို့ သိရပါတယ်။

Ref : INDEPENDENT


LEAVE A REPLY

Please enter your comment!
Please enter your name here