TV ကြော်ငြာတွေ၊ MTV တွေ မှာ သရုပ်ဆောင်လာရင်းနဲ့ ပရိသတ်တွေ သတိထားမိပြီး ချစ်ခင်အားပေးတဲ့ ပိုးမမှီသာကတော့ အခုလတ်တ လောကြော်ငြာရိုက်တွေ၊ ပွဲတွေတက် ဖြစ်နေတယ်လို့ ပြောပြပါတယ်။ အနုပညာအလုပ်တွေအပြင်ဆေးကျောင်းလည်း တက်နေတဲ့အကြောင်း ကို ပိုးမမှီသာက ”ပိုးက ကျောင်းကလည်း တက်နေသေးတယ်။ ဆရာဝန်ဖြစ်ဖို့ ပိုးနှစ်နှစ်လောက် ကျန်သေးတယ်။ အနုပညာနဲ့ပညာရေးယှဉ်လာရင် ပညာရေးဖြစ်တဲ့ဆရာဝန်အလုပ်ကိုပိုး သေချာလုပ်သွားမှာပါ။ ဘွဲ့ရ သွားရင် ဆရာဝန်အလုပ်ကို ဘယ်မှာလုပ်ဖြစ်မလဲ၊ ဘယ်နေရာလဲဆိုတာတော့ ပိုးသေချာကြီးတော့ မစဉ်း စားမဆုံးဖြတ်ရသေးဘူး။ ပိုးကဆရာဝန်ပဲဖြစ်ချင်ပါတယ်။ အနုပညာ အလုပ်လုပ်ရတာကိုလည်း ပျော်တယ်။ သဘောကျတယ်။ အနုပညာအလုပ်ကို အခွင့်အရေးရရင်ရသလို လုပ်သွားဦးမှာပါ။ ဆရာဝန်အလုပ်က ငယ်ငယ်လေးကတည်းက လုပ်ချင်တာဆိုတော့ ဒီဟာကိုတော့ ပိုပြီးတော့ အားထည့် ချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
အခွင့်အရေးရရင် ဇာတ်ကားတစ်ကားလောက် ရိုက်ကူးချင်ပါတယ်ဆိုတာကိုလည်း ”အခွင့် အရေးရခဲ့မယ်ဆိုရင် ပရိသတ်တွေကြည့်ဖို့ အနည်းဆုံးတစ်ကား လောက်တော့ ပိုးရိုက်ကူးချင်တယ်။ဇာတ်ကားရိုက်ကူးတယ်ဆိုရင် ဒီဇာတ်ကားပေါ်ကို အချိန်တွေရော၊ လူရောနှစ်မြှုပ်ပြီးတော့ ရိုက်ပေးချင်တယ်။ ဒါပေမဲ့ ပိုးက ကျောင်းတက်နေတဲ့အခါကျတော့ ဒီဘက်ကို ၁ဝဝ ရာခိုင်နှုန်းပြည့် မပေးလိုက်နိုင်တဲ့အခါ တစ်ခုခုလျော့နည်းသွားမှာ၊ တစ်ခုခုအားနည်းချက်တွေ ဖြစ်သွားမှာ စိုးရိမ်တယ်။ နောက်ပြီးတော့ ပိုးသရုပ်ဆောင်အလုပ်ကို အများ ကြီးလေ့လာ ရဦးမယ်ထင်တယ်။ အဲဒါကြောင့် မရိုက်ကူးဖြစ်သေးတာပါ။ ဘယ်ဟာကို ရိုက်ကြည့်ချင်တယ် ဆိုပြီး စိတ်ကူးထားတာမျိုးမရှိဘူး။ ဟိုဟာမျိုးလေး လည်း လုပ်ကြည့်ချင်တယ်။ ဒီဟာ မျိုးလေးလည်းလုပ်ကြည့်ချင်တယ်။ ကိုယ်တကယ်ပိုင်နိုင်အောင် လုပ်နိုင်မယ့် ကာရိုက်တာမျိုး၊ စစရိုက်ချင်းမှာ အရမ်းကြီးပညာ သားပါတာမျိုး လုပ်နိုင်ပါ့မလားဆိုပြီး စိတ်ပူတာမျိုးလည်းရှိသေးတယ်။ ကိုယ်လုပ်နိုင်တဲ့ အတိုင်း အတာလေးမှာ အကောင်းဆုံးပရိသတ်ကြီးကို လုပ်ပြချင်ပါတယ်”လို့ ပိုးမမှီသာ က ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ-ဇော်ဝင်းအောင်