ဒါရိုက်တာမိုက်တီး ဆေးကုသခွင့် အာမခံရရှိ

0
221

မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီး ထားခံရတဲ့ ဒါရိုက်တာမိုက်တီးကို တာမွေမြို့နယ်တရားရုံးက ဆေးအာ မခံပေးလိုက်ပါတယ်။ အူမကြီးကင် ဆာဖြစ်နေတာကြောင့် ထောင်ဆရာ ဝန်က တရားရုံးမှာ ထောက်ခံပေးလို့ အာမခံရရှိတယ်လို့ သိရပါတယ်။ အာမခံရရှိတဲ့အကြောင်းကို ညီမဖြစ် သူချစ်ချစ်ဇော်က အခုလိုမျိုးပြောပြ ပါတယ်။

”အစ်မတို့က ဆေးကုသခွင့် အာမခံဆိုပြီး လျှောက်လိုက်တာ၊ လျှောက်တယ်ဆိုတာကလည်း လွယ် လွယ်ကူကူ လျှောက်တာမဟုတ်ဘူး။ မိသားစုအသနားခံစာ၊ ရုပ်ရှင်အ စည်းအရုံးအသနားခံစာ၊ နောက်ပြီး အင်းစိန်ဆေးရုံက ဆရာဝန်ကြီးတွေ ကလည်း မှန်မှန်ကန်ကန်ပဲဖြစ်တဲ့ အတွက် မှန်မှန်ကန်ကန်ပဲ ထောက်ခံ ပေးကြတယ်။ အာမခံရတာက အစ် မတို့လည်း ဘယ်လိုမှ မထင်ထားတာ ပါ။ အခုရပြီးတော့လည်း ကိုမိုက် ဆေးကုဖို့အတွက် အစ်မတို့ လုံးပန်း နေရတယ်။ ဘယ်လိုဆေးကုရမလဲ ဆိုပြီးတော့။ ကိုမိုက်က အခုလော လောဆယ် အူမကြီးကင်ဆာဖြစ်နေ တယ်။ နောက်ထပ်လည်း ဘာရော ဂါတွေ ဖြစ်နေလည်းဆိုတာ ထပ်စစ် ဆေးစရာတွေ ရှိသေးတယ်။ ဘယ် လိုဖြစ်လာမလဲ အစ်မတို့ မသိသေး ဘူး။ အခု လောလောဆယ်ကျိန်းသေ တာကတော့ အူမကြီး ကင်ဆာ။ ခွဲဖို့ ကို ၂၄ ရက်နေ့ အစ်မတို့ ဒိတ်ပေး ထားတယ်”လို့ပြောပါတယ်။

”အိမ်မှာ တကယ်လို့ ကိုမိုက် ရှိရင် ဒီလောက် ထိ ကုဖြစ်မှာမဟုတ် ဘူး။ ကိုမိုက်ကလည်း နည်းနည်းပေ တယ်။ သူ့ကျန်းမာရေးကို သူသိပ်မ စစ်ဘူး။ အင်းစိန် အကျဉ်းထောင်မှာ သူနေမကောင်းတာကို အင်းစိန် အကျဉ်းထောင်ဆရာဝန်ကြီးတွေက ကို မိုက်ကို ဆေးကုဖို့ အင်းစိန်ဆေး ရုံကို ပို့ပေးတယ်။ အဲဒီက ဆရာဝန် ကြီးတွေ အကုန်လုံးကလည်း ဝမ်း သွားလို့သွေးပါတာ ဒါသာမန်မဟုတ် ဘူးလို့ အကုန်လုံးဂရုတစိုက်နဲ့ လုပ် ပေးတယ်။ အိမ်မှာနေရင်တောင် ဒီရောဂါဖြစ်မယ်ဆိုတာ အစ်မတို့ သိ မှာမဟုတ်ဘူး။ ဂရုတစိုက်နဲ့ လုပ် ပေးတဲ့ ဆရာဝန်ကြီးတွေကို အစ်မတို့ ကျေးဇူးတင်တယ်။ တာမွေမြို့နယ် တရားရုံးက တရားသူကြီးတွေက တော်တော်ခက်ခက်ခဲခဲနဲ့ သူတို့မှာ အာမခံပေးရတာ။ သူတို့မှာလည်း ဘေးကျပ်နံကျပ်ဆိုတာ အစ်မနား လည်တယ်။ ဘာလို့လဲဆိုတော့ အ ခြားသူဟာတွေလည်း ရှိကောင်းရှိ မယ်လေ။ သူတို့ဆုံးဖြတ်ရတာ တော် တော်ခက်ခဲပါတယ်။ ကိုမိုက်ဆီသွား ရင်လည်း အစ်မနဲ့ မလင်းမှာ နှစ် ယောက်ထဲ အင်းစိန်ဆေးရုံကို ပြေး လိုက်၊ တာမွေတရားရုံးကို ပြေးလိုက် နဲ့ အစ်မနဲ့မလင်းလည်း တော်တော် ပင်ပန်းတယ်။ အဖေဆုံးထားတာက လည်း မကြာသေးဘူးဆိုတော့ ဒီအ သက်အရွယ်အထိကို အပင်ပန်းဆုံး အချိန်ကာလပဲပေါ့။ သူ့နေရာနဲ့ သူ မေတ္တာထားပြီး ကူညီတဲ့သူတွေ အကုန်လုံးကို အစ်မကျေးဇူးတင် တယ်”လို့ ချစ်ချစ်ဇော်က ပြောပြခဲ့ပါ သေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here