အရက်ကြောင့် ဘဝပျက်ခဲ့ရတဲ့ မိသားစုတစ်စုရဲ့ဖြစ်ရပ်မှန်အကြောင်း ရိုက်ကူးနေတဲ့ နိုင်လူ

0
1407

 

နိုင်လူက အခုလက်ရှိမှာတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုမှာ ပါဝင် သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားနာမည်ကတော့ ငါ့ကိုပြန်သောက်တဲ့ ..အရက်လို့ အမည်ရပြီး ဒီဇာတ်ကား က အရက်သမား ဖခင်တစ်ဦးရဲ့ ရင်နင့်ကြေကွဲရာဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကား ကိုတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနေဒေါင်း၊ ဒါရိုက်တာ သြဇာအောင် (ဖြစ်ရပ်မှန်)က ရိုက်ကူးပြီး သရုပ်ဆောင် နိုင်လူနဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ နိုင်လူက ဒီဇာတ်ကားမှာတော့ အရက် သမားဖခင်တစ်ယောက်ရဲ့နေရာကနေ သရုပ်ဆောင်ထားပါတယ်။

”ဒီဇာတ်လမ်းကို အစ်ကိုဖတ် ကြည့်လိုက်တဲ့အခါမှာ ဇာတ်က တအားကောင်း တယ်။ ပြီးတော့ ပညာ ပေးဇာတ်ကားလေးလည်းဖြစ်တယ်။ ဒါကြောင့်လက်ခံရိုက်ကူးဖြစ်ခဲ့ တာပါ။ အစ်ကိုဒီကားထဲမှာအရက်သမားပေါ့။ အစကမသောက်တတ်ဘူး။ အပေါင်းအသင်း ဆွယ်တာကြောင့် သောက်ရင်းနဲ့အရက်သမားဖြစ်သွားတာပေါ့။ အစ်ကို့မှာ သား ၂ ယောက် သမီး ၃ ယောက်ရှိတယ်။ သားကြီးက မူးယစ်ဆေးသုံးတယ်၊ သမီး ၃ ယောက် ကလည်း ငွေနောက်လိုက်သွားကြတယ်။ နောက်ဆုံးသမီးလေးကြတော့ ဒီ့ထက်ပိုဆိုးတဲ့ ဖြစ်ရပ်မျိုးနဲ့ ကြုံလိုက်ရတယ်။ အရက်သမားအဖေကြောင့် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ မိသားစု တစ်စုရဲ့ ဘဝကို ရိုက်ထားတာပါ။ ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေက သရုပ်ဆောင် အသစ်တွေပါ။ အစ်ကို့အနေနဲ့ အရက်သမား ဇာတ်ရုပ်ပီပြင်အောင်အကောင်းဆုံး သရုပ် ဆောင်ထားပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီဇာတ်ကားလေး ကြည့်ပြီး တစ်ခုခုရသွား လိမ့်မယ်လို့ထင်ပါတယ်”လို့ နိုင်လူက လက်ရှိ ရိုက်ကူးနေတဲ့ဇာတ်ကားနဲ့ပတ်သက်လို့ ပြောပြ ပါတယ်။

ဇာတ်ကားကိုတော့ လှိုင်သာ ယာ၊ အုန်းတောပတ်ဝန်းကျင်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီကား အတွက် ဇာတ်ဝင်တေးကိုတော့ အဆိုတော် မင်းဂျွန်စိုးက သီဆိုထားပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here