ကိုယ်​ဖွင့်​ထားတဲ့ဆိုင်​လေးကို ပရိသတ်​တွေကို လာစားကြည့်​ကြပါလို့ ဖိတ်​ခေါ်လိုက်​တဲ့ တေးသံရှင်ဂျင်းနီ

0
281

အနုပညာလှုပ်​ရှားမှုတွေတင်​မကဘဲ ကိုယ်​ပိုင်​စီးပွားရေးတွေပါလုပ်​ကိုင်​နေတဲ့ အနုပညာရှင်​ကတော့ တေးသံရှင်​ ဂျင်းနီပါ။ စီးပွားရေးလုပ်​ငန်းတွေ လုပ်​ကိုင်​ဖြစ်​နေတဲ့ အကြောင်းကို တေးသံရှင်​ ဂျင်းနီက ”ပရိသတ်​ကျွေးတဲ့ ထမင်း၊ ဟင်းကလည်း စားလို့ တအားကောင်းပါတယ်​။ တအားမြိန်​ပါတယ်​။ တစ်​ခုရှိတာက ဂျင်းနီက ဈေးရောင်းဈေး ဝယ်​ကို ငယ်​ငယ်​လေးကတည်းက ဝါသနာပါတဲ့အတွက်​ ဆိုင်​လေးဖွင့်​ ဖြစ်​တာပါ။ ဂျင်းနီ ကျောက်​မြောင်းထဲမှာ ရိုးမရိပ်​ဆိုတဲ့ Restaurants လေးဖွင့်​ထားတယ်​။ ယိုးဒယားစာတွေ ရတယ်​။ ပရိသတ်​ကြီးလည်း လာအားပေးကြပါ။ ပြီးတော့ ဂျင်းနီ အားကစားနဲ့ပတ်သက်​ပြီး အကတွေကို လိုက်​သင်​ပေးဖြစ်​နေတယ်​”လို့ ပြောပြပါတယ်​။

အကသင်​ပေးဖြစ်​တယ်​ဆိုတာကို…

”ဂျင်းနီနည်းနည်း ဝလာတဲ့ အချိန်​တုန်း က တအားစိတ်​ညစ်​ဖို့ကောင်းတယ်​။ အဝတ်​အစား တစ်​ခုကို အဆင်​ပြေပြေ ဝတ်​ဖို့က အထဲမှာ ဝတ်​ရတဲ့ သံချပ်​ကာတွေက တအားစိတ်​ညစ်​ဖို့ကောင်း တယ်။ အခုပိန်​တဲ့အချိန်​မှာ အဲဒီလိုမျိုးတွေ ဝတ်​စရာမလိုတော့ လူက နည်း နည်းပေါ့သွားတယ်​။ အခု ပိန်​သွားတဲ့အချိန်​မှာ လူက ပေါ့ပေါ့ပါးပါး၊ လွတ်​လွတ်​လပ်​လပ်​ဖြစ်​သွားတယ်။ နေရတဲ့ Feel က မိုက်​တယ်​။ ဂျင်းနီတစ်​လ ခွဲလောက်​အစားလည်း fix လုပ်​ပြီးတော့စားတယ်​။ အားကစားလည်း သေချာပြန်​လုပ်​တယ်​။ အကလည်း သေသေချာချာပြန်​ကဖြစ်​တယ်​။ အကသင်​ပေးဖြစ်​နေတယ်​ဆိုတာက ဂျင်းနီ ကိုယ်​တိုင်​ပိန်​ချင်​တယ်​၊ ကိုယ်​တိုင်​လည်းလုပ်​ချင်​တဲ့အတွက်​ကြောင့် အကကို သင်​ပေးဖြစ်​နေတာပါ”လို့ ဂျင်းနီက ပြောပြ ပါတယ်​။ သီချင်း အသစ်​တွေ ထပ်​ထွက်​ဖို့ရှိတယ်​ဆိုတဲ့ အကြောင်းကိုလည်း ”ဂျင်းနီရဲ့ Happy Birthday သီချင်းခွေသစ်​ထဲက ပရိသတ်​ကြိုက်​နှစ်​သက်​တယ်​ဆိုတဲ့ သီချင်းအချို့ကိုလည်း ဂျင်းနီ MTV ပြန်​ရိုက်​ဖို့ရှိပါတယ်​။ ပြီးတော့ ဂျင်းနီသီချင်းအသစ်​လေးတွေ လည်း လုပ်​ဖို့ရှိတယ်​။ ဂျင်းနီရဲ့ အနုပညာ လှုပ်​ရှားမှုတွေကိုလည်း ပရိသတ်တွေ အားပေးပါ။ လက်​ခံပေးပါ”လို့ ပြော ပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း

ဓာတ်​ပုံ-အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here