၂ဝ၁၉ မှာ ချစ်သူ ရှာတော့ မယ့် Kim Jong Kook

0
125

Running Man ရဲ့ အဖွဲ့ဝင် Kim Jong Kook ဟာ သူ့ရဲ့ ၂ဝ၁၉ မှာ ဆက်လက်လုပ်ကိုင်သွားမယ့် အစီအစဉ်တွေကို ပြောပြခဲ့ပါတယ်။ သူဟာ ၂ဝ၁၈ ဒီဇင်ဘာမှာ ပြုလုပ်ခဲ့ တဲ့ SBS Entertainment Awards မှာလည်း ဆု နှစ်ဆု လက်ခံရရှိခဲ့လို့ ဂုဏ်ယူတယ်လို့ ပြောချင်ပါတယ်။

Kim Jong Kook ကို Yoo Jae Suk က လက်ထပ်မယ့်ကိစ္စမေးမြန်းတဲ့အချိန် မှာ ကျွန်တော် ၂ဝ၁၉ မှာတော့ ရည်စားထားတော့မှာပါ။ ၂ဝ၁၉မှာ ရည်းစားရခဲ့ရင် ၂ဝ၂ဝ မှာ လက်ထပ်ဖြစ်မှာပါလို့ ပြန်ဖြေခဲ့ပါတယ်။

Kim Jong Kook ဖြေပြီးတဲ့ အချိန်မှာတော့ မင်းသမီးလေး Song Ji Hyo က သူဒီမှာရှိတယ်လို့ အော်ပြောလို့ ပရိသတ်တွေ ရယ်မောကြခဲ့ပါတယ်။

ကဲ ၂ဝ၁၉ မှာ Kim Jong Kook ရဲ့ ချစ်သူကောင်မလေးကဘယ်သူဖြစ်လာမလဲဆိုတာ စောင့် ကြည့်ရမှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here