ဆွဲဆောင်အားကောင်း နေဆဲ ၅၂ နှစ်အရွယ် မင်းသမီး ဆာလမာ ဟိုင်းရက်ခ်က သူ့ရဲ့ နေထိုင်မှုပုံစံကို ဝေမျှ ပြောဆို

0
205
Salma Hayek, who stars in the new film “Beatriz at Dinner,” in New York, April 20, 2017. Hayek plays a Mexican-born masseuse and healer invited to dine at her rich client’s home in the Miguel Arteta film. (Chad Batka/The New York Times)-- PART OF A COLLECTION OF STAND-ALONE PHOTOS FOR USE AS DESIRED IN YEAREND STORIES AND RECAPS OF 2017 --

မက္ကဆီကန်အမေရိကန်ကပြား မင်းသမီးဆာလမာ ဟိုင်းရက်ခ်ရဲ့ ၅၂ နှစ်အရွယ်အလှဟာ ပုရိသတွေကို ကောင်းကောင်းဆွဲဆောင်နိုင်နေ တုန်းပဲလို့ ဆိုပါတယ်။ ထူးခြားမှုကတော့ လှပကျော့ရှင်းနေဆဲသူ့ရဲ့ခန္ဓာကိုယ်နဲ့ ကြည်လင်တဲ့ မျက်နှာလို့ ချီးမွမ်းခန်းဖွင့်နေကြပါတယ်။

သက်တူရွယ်တူမင်းသမီးတွေ သိသိသာသာ အလှပျက်သွားခဲ့ပေမယ့် ဆာလမာကတော့ ညှိုငင်အား အပြည့်နဲ့ပါ။ အဲဒါကြောင့် သူ့ရဲ့တစ် နေ့တာ နေထိုင်လုပ်ကိုင်စားသောက် မှုပုံစံတွေကို HollywoodLife မီဒီ ယာက တွေ့ဆုံမေးမြန်းခဲ့ရာမှာ မင်း သမီးကလည်း အရှိအတိုင်း ပြန်လည် ဖြေကြား ခဲ့ပါတယ်။

သူ့ရဲ့တစ်နေတာနဲ့ အကြံပြုချက် တွေကတော့ ပရိုတိန်းပြည့်ဝတဲ့ အသားစားပါ။ လတ်ဆတ်တဲ့ သစ် သီးနဲ့ ဟင်းသီးဟင်းရွက်နေ့တိုင်းစား ပါ။ အခြားအော်ဂဲနစ်အစားအစာ တွေလည်း စားပေးပါ။ လေ့ကျင့်ခန်း တစ်ခုခု မှန်မှန်လုပ်ပေးပါ။ ရေများ များသောက်ပါ။ အပြည့်အဝအနားယူ အိပ်စက်ပါ။ နေရောင်ခြည်ခံပါ။ ယောဂထိုင်ပေးနိုင်ရင်လည်း ပို ကောင်းပြီး၊ မိတ်ကပ်မဖျက် ပဲနဲ့ အိပ်ရာလုံးဝမဝင်ပါနဲ့။ သကြားကို သတိ ထားရှောင်ပါစတဲ့ အကြံတွေပြုခဲ့ တယ်လို့ဆိုပါတယ်။

ဆာလမာဟိုင်းရက်စ်ကို မက္ကဆီကိုမှာ မွေးဖွားခဲ့ပြီး မော်ဒယ်လ် အလုပ်နဲ့ စတင်ခဲ့ပြီးနောက် အမေရိကန်မင်းသမီး၊ ရုပ်ရှင်ထုတ်လုပ်သူ စတဲ့အလုပ်တွေ လုပ်ကိုင်နေပါတယ်။ ၂ဝဝ၉ ခုနှစ်က စအိမ်ထောင်ပြုခဲ့ပြီး သားသမီး တစ်ယောက်ထွန်းကားထားတယ်လို့ သိရကြောင်းပါ။

Ref: HollywoodLife


LEAVE A REPLY

Please enter your comment!
Please enter your name here