၆၁ ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲမှာ ဂရမ်မီ ၁၅ ဆုရှင် အဆိုတော် အလီရှာကီးက အခမ်းနားမှူးအဖြစ် ဆောင် ရွက်မည်

0
176

လာမယ့် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ ကျင်းပတော့မယ့် ၆၁ ကြိမ်မြောက် ဂရမ်မီဆုပေးအပ်ပွဲ အခမ်းအနားကြီးမှာ အမေရိကန်အဆိုတော်အလီရှာကီးက အခမ်းအနားမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမယ့်အကြောင်း သိရပါတယ်။

အဲဒီလိုတာဝန်ပေးခံရတာနဲ့ ပတ်သက်လို့ ဂရမ်မီဆု ၁၅ ဆုအပြင် အခြား ဂီတဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့ အလီရှာကီးက ”ကျွန်မ ဒီတစ်ခေါက် စင်ပေါ်တက်ရမှာ စိတ်အရမ်းလှုပ်ရှားနေတယ် ဖျော်ဖြေပွဲတွေလို မဟုတ်ဘူး အားမွေးနေရတယ်”လို့ ပြောပါတယ်။ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့၊ မှော်ဆန်တဲ့ ခွန်အားတွေ ပြည့်နှက်နေတဲ့ ဒီပွဲကြီးမှာ အခမ်းအနားမှူးဆိုတော့ အရမ်းကို ကတုန် ကရင်ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဒီဂရမ်မီပွဲမှာ အခမ်းအနားမှူးဆိုတာက သူ့ရဲ့ပထမဆုံးသော အတွေ့အကြုံဖြစ်ပါတယ်။

အလီရှာက အသက် ၃၇ နှစ် ရှိနေပြီး အဆိုတော်၊ တေးရေး၊ ထုတ်လုပ်သူ၊ စန္ဒယား ပညာရှင်အဖြစ် ရပ် တည်နေပြီး အသက် ၁၂ နှစ်အရွယ်မှာ သီချင်းစရေးခဲ့ပြီး ၁၅ နှစ်သမီး အရွယ်မှာတော့ နာမည်ကျော်ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီက သူ့ကိုစာချုပ်ချုပ်ဆိုပြီး တေးအယ်လ်ဘမ်တွေ ထုတ်ခဲ့တာဖြစ်ပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here