ပရိသတ် ဆိုတာ အနုပညာရှင် အပေါ် ဝေဖန်ပိုင်ခွင့် အပြည့်အဝ ရှိတယ် သက်ထားဝေဇင်

0
181

thethtarwaizin“အနန္တ” ရုပ်ရှင်မှာ အဓိက ဇာတ်ကောင် တစ်ဦးဖြစ်တဲ့  Notra ဆိုတဲ့ ဇာတ်ကောင်နဲ့ လူသိ များလာခဲ့တဲ့ သက်ထားဝေဇင် ဟာ အခုလက်ရှိမှာ ဆိုရင် ရုပ်ရှင်ဇာတ်ကား ၄ ကားအထိ ရိုက်ကူး ပြီးစီးခဲ့ပြီ ဖြစ်တယ်။ ပထမဦးဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဟာ “အနန္တ” ရုပ်ရှင် ဇာတ်ကား ဖြစ်ပြီး  အဲဒီ့ ရုပ်ရှင်ဇာတ်ကား အပြီးမှာတော့  “လူသားများကိုခြောက် လှန့်ရန် တစ္ဆေတစ်ကောင် အလို ရှိသည်”၊ “တနင်္ဂနွေညကျောင်း” ၊ ဒိုင်နိုဆောရွာ စတဲ့ ရုပ်ရှင် ဇာတ်ကားတွေကို ရိုက်ကူး ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ ၅ ကား မြောက် ရုပ်ရှင် ဇာတ်ကားဖြစ်လာမယ့်  “အယူတော် မင်္ဂလာ” ရုပ်ရှင် ဇာတ်ကားကို ဒါရိုက် တာ ညိုမင်းလွင် နဲ့ပဲ ရိုက်ကူးမှာဖြစ်ပါတယ်။

“အခု ၅ ကား မြောက်ရုပ်ရှင်ဇာတ်ကား ဖြစ်လာတဲ့ အချိန်အထိ ဇာတ် ကားတိုင်းရဲ့ ဇာတ်ရုပ် ကာရိုက်တာတွေဟာ လုံးဝတူညီမှု ရှိမနေပါဘူး။ ဇာတ်ရုပ် တစ်ခု ချင်းစီအပေါ်မှာ အကောင်းဆုံး ကြိုးစားပါတယ်။ မတူ ညီတဲ့ ဇာတ်ရုပ်တွေ နဲ့အညီ စိန်ခေါ်မှုလေးတွေ လည်း ရှိပါတယ်။ ညီမ ဘက်ကတော့ အကောင်းဆုံး ကြိုးစားထားပါတယ်။ ဒါပေမဲ့ ညီမက အနုပညာ မျိုးဆက်သစ် တစ်ယောက် ဖြစ်နေတဲ့ အတွက် လိုအပ်ချက် တွေလည်း  ရှိကောင်း ရှိနိုင်ပါတယ်။ ဝေဖန်ပေးဖို့လည်း တောင်း ဆိုပါတယ်” လို့ သက်ထားဝေဇင်က ပြောပြပေးပါတယ်။

ရုပ်ရှင်ဇာတ်ကား ၅ ကား အထိ ရိုက်ကူးမှု ရှိလာပေမယ့်လည်း ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုတွေ မရှိသေးတဲ့ သက်ထားဝေ ဇင် ပြောပြတာကတော့ ရုပ်ရှင် ဇာတ်ကားမှပဲ ရိုက်ကူးမယ်လို့ ဆုံး ဖြတ်ထားတာမျိုး မရှိဘဲ လောလောဆယ် ရိုက်ကူးဖို့ ကမ်းလှမ်း လာတာတွေက ရုပ်ရှင် ဇာတ်ကားတွေပဲ ဖြစ်နေတဲ့ အတွက်ကြောင့် ဖြစ်ပြီး တကယ်လို့ ဗီဒီယို ဇာတ်ကား ကမ်းလှမ်း လာရင်လည်း ရိုက်ကူး သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ညီမ ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေ ကတော့ ရုံမတင်ရ သေး ဘူးပေါ့။ ကိုယ် သရုပ်ဆောင်နေတဲ့ အပိုင်းတွေကို ပရိသတ်က  ထိတွေ့ခွင့် မရသေးဘူးပေါ့။ ဒါပေမဲ့  ရုံတင်ပြီ ဆိုရင်တော့ အဖြေ ထွက်လာမှာပါ။ ပရိ သတ်ဆိုတာ အနုပညာရှင် အပေါ် ဝေဖန်ပိုင်ခွင့် အပြည့် အဝ ရှိတယ်လေ။ ညီမတို့ သရုပ်ဆောင်တွေ ဘက်က ကြိုးစားရမယ့် တာဝန်ရှိတော့ ကြိုးစားရ မယ့်အပိုင်းက ညီမတို့ အားထုတ်မယ့် အပိုင်းပေါ့။ ပြောရရင် အခုအချိန်ဟာ စိန်ခေါ်မှုများတဲ့ အချိန်ပါ” လို့ သက်ထားဝေဇင်က ပြောပြပေးပါတယ်။

ထက်လူ၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here