အကယ်ဒမီပွဲနဲ့ စန္ဒရားတင်ဝင်းလှိုင်ရဲ့ ခံစားချက်

0
249

အခုနှစ်၂ဝ၁၈ ခုနှစ် အကယ် ဒမီစရင်းဝင်ဇာတ်ကားများထဲတွင် အကယ်ဒမီ စန္ဒရားတင်ဝင်းလှိုင်တီး ခတ်ထားတဲ့ ဇာတ်ကားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ နောက် ဆုံးဆန်ကာတင်မှာ သူ့ဇာတ်ကား တွေ ပါဝင်လာမလားဆိုတဲ့အပေါ် ကိုလည်း သူ့အနေနဲ့ ရင်ခုန်လို့နေပါ တယ်။ သူက နှစ်စဉ်အကယ်ဒမီပေး ပွဲကို တစ်ယောက်တည်းပဲတက်ရလေ့ ရှိတယ်လို့ ပြောလာပါတယ်။ ဒီ အပေါ်မှာလည်း သူက အခုလို ရင် ဖွင့်ပြောပြလာတာက …

”ဦးလေးတို့က နောက်ဆုံးမှ ဖိတ်ခံရတာပါ။ ပြီးတော့ သူတို့က သူတို့ရဲ့ မဟေသီတွေကိုခေါ်လာတာ။ ဦးလေးက ဦးလေးရဲ့ မဟေသီကို ခေါ်သွားလို့မရဘူး။ ပထမဆုံး အကြိမ်တုန်းကဆိုရင် ဦးရဲ့တူလေး အောင်အေးချစ်ကားနဲ့ ကပ်လိုက် လာရတယ်။

ဒုတိယအကြိမ်လည်းကျကော တစ်ယောက်တည်း ငေါင်စင်းစင်း သွားရတယ်။ ဖိတ်တော့တစ်စောင် တည်း။ လူကြီးမင်းတစ်ယောက်တည်း ဖြစ်နေတယ်။ အဲဒါကတော့ ဘယ်သူ့ ကြောင့်လည်းတော့ မသိဘူးပေါ့လေ” လို့ စန္ဒရားတင်ဝင်းလှိုင်က ပြောပါ တယ်။ သူတီးထားတဲ့ အကယ်ဒမီ စာ ရင်းဝင်ဇာတ်ကားတွေအပေါ်မှာ တော့ သူ့အနေနဲ့ အကောင်းဆုံးကိုပဲ တီးခတ်ထားတာဖြစ်ပြီး အပေါ်ယံတီး ခဲ့ တာမျိုးတစ်ကားမှမပါဘူးလို့ ပြော ပါတယ်။

”ဦးက တစ်ဘဝလုံးကို ဂီတထဲ မှာ နှစ်ထားတာ။ မြူးဇစ်အပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ဘူး”လို့ သူက သူတီးထားတဲ့ ဇာတ်ကားတွေ နဲ့ ပတ်သက်လို့ ပြောပါတယ်။ ဒီနှစ် မှာ သူအကယ်ဒမီများရခဲ့ရင် အ ကယ်ဒမီစင်မြင့်ပေါ်မှာ ကျေးဇူးတင် စကားပြောတဲ့အခါ အားလုံးလိုလား ကြမယ့်စကားမျိုးကိုပဲပြောတော့မယ် လို့ သူက ပြောလာပါတယ်။

”ဇာတ်ကိုဖော်တဲ့ တေးဂီတ ဇာတ်ကိုပို့တဲ့ဂီတ အဲဒီဂီတနဲ့ ပတ် သက်လို့ အဲဒီတစ်ခေါက်မှာမရတဲ့ ကလေးတွေအကျိုးရှိသွားမယ့် စကား ကိုပဲ ဦးက ပြောပါမယ်။ ဒီအတတ် ပညာနဲ့ပတ်သက်လို့ အချိန်မရွေး ပြောပါ။ ငါ့စရိတ်နဲ့ ငါလာပြီး မင်းတို့ကိုရှင်းပြပါမယ်ကွာဆိုပြီး အဲဒီ လောက်အထိ ဦးလေးစိတ်ထဲမှာ ထားပါတယ်။ ဦးလေးတို့ အချင်းချင်း ပဲညီညွတ်ဖို့ ပိုအရေးကြီးတယ်ထင် တယ်။ အရေးကြီး ရင်သွေးနီးကြဖို့ ဆိုတာက ရပ်တည်ချက်တူရမယ်။ အဲဒါမှရပါမယ်။ ကိုယ့်ထက် အသက် ဘယ်လောက်ငယ်ငယ်၊ ကိုယ့်ထက် ပညာဘယ်လောက်ငယ်ငယ် အဲဒီလူ တွေ တော်လာဖို့ မျှော်လင့်တဲ့ စကား ကိုပဲ ဦးလေးအနေနဲ့အပေါ်မှာ ပြော ဖို့ပဲရှိပါတယ်”လို့ စန္ဒယားတင်ဝင်း လှိုင်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here