ယခင်နှစ်များထက် အားပြိုင်မှုတွေပြင်းထန်လာတဲ့ ၂၀၁၈ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲ..

0
95

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကိုတော့ မတ်လ ၂၃ ရက် နေ့ ရွှေထွဋ်တင်ကွင်းမှာပြုလုပ်မှာ ဖြစ်ပါတယ်။ ထူးချွန်ဆုပေးအပ်ပွဲ ကျင်းပမယ့်ရက်ကို သိတာနဲ့တစ်ပြိုင် နက် ပရိသတ်တွေ အားလုံးကတော့ ဘယ်ဇာတ်ကားတွေ အကယ်ဒမီရ မလဲဆိုတာ အားလုံးကရင်ခုန်စိတ် လှုပ်ရှားနေကြပါပြီ။ ရုပ်ရှင်အစည်း အရုံးအနေနဲ့လည်း အကယ်ဒမီထူး ချွန်ဆု စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရေးနဲ့ ရေးဆွဲရေးဘုတ်အဖွဲ့ ကို ဖွဲ့စည်းခဲ့ပါတယ်။ စည်းမျဉ်း စည်းကမ်းကို ရေးဆွဲတဲ့အခါမှာ နိုင်ငံ တကာရဲ့ စည်းမျဉ်း စည်းကမ်းတွေ လည်းပါသလို မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ ရိုးရာတွေနဲ့ ကိုက်ညီအောင်လည်းလုပ်ရပါ ကြောင်း နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေကို လည်း အကုန်ယူလို့ မရပါကြောင်း ဒါကြောင့် နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့လည်း အကိုက်ညီဆုံးဖြစ် အောင် မြန်မာနိုင်ငံအတွင်းမှာ မြန်မာတိုင်းရင်းသားများအားလုံး လက်ခံနိုင်တဲ့ မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာ ယဉ်ကျေးမှုများနဲ့လည်း ကိုက်ညီတဲ့ စည်းမျဉ်းစည်းကမ်းဖြစ် အောင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ဦး ဇင်ဝိုင်းက ထပ်လောင်းပြောပါတယ်။

ဘုတ်အဖွဲ့ဖွဲ့စည်းခြင်းနဲ့ ပတ် သက်လို့လည်း…

”ဘုတ်အဖွဲ့ကို ဖွဲ့ စည်းတဲ့အခါမှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကနေ ဘယ်သူပါစေ ဆို ပြီးတော့ ချပေးလိုက်တဲ့ဘုတ်အဖွဲ့မဟုတ်ပါဘူး။ မိမိတို့ရဲ့အလွှာ အသီး သီးက မိမိတို့ရဲ့လောကသားများကိုယ်တိုင်က ကျေနပ်စွာ တင်မြှောက် လိုက်တဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်”လို့ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါ တယ်။ အဆိုပါဘုတ်အဖွဲ့ဖွဲ့စည်းခြင်း ရည်ရွယ်ချက်ကတော့ ရုပ်ရှင်ကြည့် ပရိသတ်နဲ့တကွ မြန်မာ့လူ့ဘောင် အတွက် အကျိုးဖြစ်ထွန်းစေမည့် မြန် မာ့ရုပ်ရှင်ဇာတ်ကားများ ပေါ်ထွက်လာ စေရေး၊ ရုပ်ရှင်အနုပညာ၊ အတတ် ပညာပိုင်းဆိုင်ရာ အရည် အသွေး မြင့်မားသော မြန်မာ့ရုပ်ရှင်ဇာတ် ကားများ ပိုမိုထွက်ရှိလာရေး၊ ထူးချွန် သော မြန်မာ့ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရပ်များ ပေါ်ထွန်းလာ ရေးနဲ့ ယင်းတို့ကို ဂုဏ်ပြုချီးမြှင့်နိုင် ရေးတို့ဖြစ်ပြီး အခြေခံမူကတော့ တစ်နှစ်တာအတွင်း အကောင်းဆုံးဆု များကို ရွေးချယ်ချီးမြှင့်ရန်၊ ပြက္ခဒိန် တစ်နှစ်တာ အတွင်းအမှန်တကယ်ရုံ တင် ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား များအတွင်းမှသာ ရွေးချယ်ချီးမြှင့်ရန် ဖြစ်ပြီး အကယ်ဒမီစာရင်းဝင်အတွက် စတိသဘော ရုံတင်သော ဇာတ်ကား များကို ထည့်သွင်းစဉ်းစားခြင်း မပြု ရန်၊ မည်သည့်ဇာတ်ကားအမျိုးအစား ဖြစ်စေ တပြေးညီအနုပညာ၊ အတတ် ပညာပိုင်းဆိုင်ရာ စံချိန်စံ ညွှန်းများ ဖြင့်သာ ရွေးချယ်ဆုံးဖြတ်ရန်၊ အနု ပညာရှင်အတတ်ပညာရှင်တို့၏ ပုဂ္ဂလိက လူမှုရေးဘဝနဲ့ ရာဇဝတ်မှု ဆိုင်ရာ ပြစ်ဒဏ်၊ နိုင်ငံရေးအသွေး အရောင်တို့ကို ထည့်သွင်းတွက်ချက် ခြင်းမပြုဘဲ အနုပညာအတတ်ပညာ စံချိန်စံနှုန်းဖြင့်သာ ရွေးချယ်ရန်၊ သက်ဆိုင်ရာဇာတ်ကောင်၏ ဇာတ် ရုပ်အပေါ် အခြေမခံဘဲ အနုပညာ၊ အတတ်ပညာစံချိန်စံနှုန်းများဖြင့် ရွေး ချယ်ဆုံးဖြတ်ရန်၊ သက်ဆိုင်ရာ ဆုတစ်ဆုချင်းစီအလိုက် တစ်ဆုသာ ချီးမြှင့်ရန်ဖြစ်ပြီး ပူးတွဲ(၂)ဆုချီးမြှင် ခြင်း မပြုရန်၊ အချို့ ရွေးချယ်ခံရသော ဆုများအတွက် ပူးတွဲဖန်တီးသူများ ရှိပါကလည်း ယင်းပုဂ္ဂိုလ်၂ ဦးလုံး အား ပူးတွဲ၍ ရွှေစင်ရုပ်တစ်ဆုနှင့် ချီးမြှင့်ငွေ တစ်ဦးစာသာ ချီးမြှင့်ရန်၊ မြန်မာနိုင်ငံသားအနုပညာရှင် အတတ်ပညာရှင်များကိုသာ ချီးမြှင့် ရန်တို့ပဲဖြစ်ပါတယ်။

အခုနှစ်မှာလည်း ရုပ်ရှင်ထူးချွန် ဆုကို ၁၁ ဆုလုံး ချီးမြှင့်သွားမှာဖြစ်ပြီး ချီးမြှင့်မယ်ဆုတွေကတော့ ဇာတ် ကားဆု၊ ဒါရိုက်တာဆု၊ ရုပ်ရှင်ဓာတ်ပုံ ဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ် ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင် ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ နောက်ခံတေးဂီတဆု၊ ရုပ် ရှင်အသံဆု၊ ရုပ်ရှင်တည်းဖြတ်ဆု တို့ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါ့ အပြင် မူလ ၁၁ ဆုအပြင် ထူးဆန်း စွာ တီထွင်ဖန်တီးခဲ့ခြင်းမျိုးရှိခဲ့ပါက လည်း အထူးဆုအနေနဲ့ကလေး သရုပ်ဆောင်ဆု၊ အဝတ်အစားအထူး ဆု၊ မိတ်ကပ်ဆံပင်အထူးဆု၊ VFX,Animation အထူးဆု Title Song ရုပ်ရှင်သီချင်းအထူးဆု Song Design အထူးဆုတို့ကို ချီးမြှင့်နိုင် ကြောင်း သိရပါတယ်။

”ကျွန်တော်တို့ ဒီနှစ်မှာလည်း ဆု ၁၁ ဆုလုံး ချီးမြှင့်မှာဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ရှေ့ပိုင်းမှာတုန်းကဆိုရင် မြန်မာ့ရုပ်ရှင်ဟာ တစ်နှစ်ကို ၇ ကား၈ ကား ၁ဝ ကားလောက်ပဲ ရုံတင်နိုင် ခဲ့ပါတယ်။ သို့သော် အဲဒီနှစ်တွေမှာလည်း ဆု ၁၁ ဆုစလုံး ပေးပါတယ်။ ဆု ၁၁ ဆုလုံးတင်မကဘဲ တချို့ဆု တွေဆိုရင် ပူးတွဲချန်ပီယံအနေနဲ့ တောင်ပေးလို့ တချို့နှစ်တွေမှာ ဇာတ်ကားက ၇ ကား ဆုက ၁၅ ဆု၊ ၁၆ ဆု ၁၇ ဆု အထိတောင် ပေးခဲ့ တာရှိပါတယ်။ မနှစ်ကမြန်မာ့ရုပ်ရှင် ဟာ ၅၃ ကား ရုံတင်ခဲ့ပါတယ်။ ဒီ နှစ်မှာ ၈၃ ကားရုံတင်ပါတယ်။ ဒါ ဟာ ရုပ်ရှင် နှစ် ၁ဝဝ သမိုင်းအတွင်း မှာ ဇာတ်ကားအရေအတွက် အ များဆုံး ရုံတင်သွားတဲ့နှစ်လည်း ဖြစ် ပါတယ်။ ဒါ့အပြင်အရေအတွက် အရတင်မကပါဘူး။ အရည်အသွေး အရဆိုရင်လည်း တကယ့်ကို အပြိုင် အဆိုင်တွေနဲ့ တကယ့်ကို ကောင်း မွန်အောင် ရိုက်ကူးလာကြတာ တွေ့ မြင်လာကြမှာဖြစ်ပါတယ်။ ဆုတစ် ဆုချင်းစီအတွက်လည်း တကယ့်ကို အားပြိုင်နေတဲ့ လူတွေအများကြီး ရှိပါတယ်”လို့ ဆုတွေနဲ့ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင် ဝိုင်းက ပြောပါတယ်။

အကဲဖြတ်အဖွဲ့ဝင်များ၏ အရည်အချင်းအနေနဲ့ သမာသမတ် ကျ၍ အဂတိတရားကင်းရှင်းသည့် ရုပ်ရှင်အနုပညာ၊ အတတ်ပညာရှင် များဖြစ်ရမည်၊ အသံ၊ ဓာတ်ပုံ၊ တည်း ဖြတ်စသည့်ပညာရပ်များတွင် လူ ငယ်ပညာရှင်များအား အတိုင်း အတာတစ်ခုအထိ ထည့်သွင်းဖွဲ့စည်း နိုင်ပြီး ကျန်ပညာရပ်များအတွက် အသက်အရွယ်အတွေ့အကြုံ ရင့် ကျက်သူများကို ဦးစားပေးရမည်၊ အမည်ပျက်စာရင်းရှိသူမဖြစ်စေရ၊ ပြက္ခဒိန်တစ်နှစ်အတွင်း ရုံတင်ပြသ သော ဇာတ်ကားများတွင် ပါဝင်သော် လည်း ပထမအဆင့်အကဲဖြတ်အဖွဲ့ တွင် ပါဝင်ခွင့်ရှိသည်တို့ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် အကဲဖြတ်အဖွဲ့ ဖွဲ့စည်းခြင်းအနေနဲ့ ပညာရပ်ဆိုင်ရာ ဆု (၁) ဆုလျှင် အရည်အချင်းပြည့် မှီသော အဖွဲ့ဝင် (၅)ဦးစီအား ပညာ ရပ်ဆိုင်ရာအလွှာအလိုက်ရွေးချယ်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာ ယကကြီးများနှင့် အမှုဆောင်အမည် စာရင်းတင်သွင်းရမည်၊ နာယကများ နှင့် အမှုဆောင်အဖွဲ့၏ သဘောတူ ညီမှုဖြင့် ပညာရပ်ဆု (၁)ဆုလျှင် အကဲဖြတ်အဖွဲ့ဝင် (၅)ဦး၊ ဆု (၈)မျိုး အတွက် အဖွဲ့ဝင် (၄ဝ) ဦးအား စုဖွဲ့ ရမည်တို့ဖြစ်ကြောင်း သိရသည်။

အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌနှင့် ဦးစီး ကော်မတီရွေးချယ်ခြင်းအနေနဲ့ အကဲ ဖြတ်အဖွဲ့ဝင် (၄ဝ) ဦး၏ မဲဆန္ဒဖြင့် အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌရွေးချယ်တင် မြှောက်ရမည်၊ ပညာရပ်ဆိုင်ရာ အကဲဖြတ် (၅)ဦးစီမှ ခေါင်းဆောင် (၁)ဦးစီဖြင့် ခေါင်းဆောင် (၈)ဦးကို ရွေးချယ်ရမည်၊ ဥက္ကဋ္ဌ (၁)ဦး၊ အဖွဲ့ ငယ်ခေါင်းဆောင် (၈)ဦး၊ မြန်မာ နိုင်ငံအစည်းအရုံး အမှုဆောင်ကိုယ် စားလှယ် (၁)ဦး၊ စုစုပေါင်း (၁ဝ)ဦး အကဲဖြတ်အဖွဲ့ဦးစီး အမှုဆောင် ကော်မတီကို ဖွဲ့စည်းရမည်ဖြစ် ကြောင်း သိရသည်။

အကဲဖြတ်အဖွဲ့ဝင်များ လိုက် နာရမည့် ကျင့်ဝတ်စည်းကမ်းများအ နေနဲ့ အဂတိတရားကင်းရှင်းရန်၊ ဇာတ်ကားတိုင်းအား အစ/အဆုံး ကြည့်ရှုအကဲဖြတ်ရန်၊ ရုပ်ရှင်ရုံအ တွင်း ဇာတ်ကားကြည့်ရှုအကဲဖြတ် နေစဉ် အခြားကိစ္စများ ပြောဆိုလုပ် ကိုင်ခြင်း မပြုရန်၊ မီဒီယာများနှင့် အင်တာဗျူးရာတွင် သတင်းလုံခြုံရေး သတိရှိရန်နှင့် ရုပ်ရှင်လောက သိက္ခာ ကျဆင်းစေသောအပြောအဆိုများ ရှောင်ရှားရန်၊ အခြားသူများအား စည်းရုံးခြင်း၊ လော်ဘီလုပ်ခြင်း၊ အုပ် စုဖွဲ့ခြင်းများ မပြုရန်၊ စတင်အကဲမ ဖြတ်မီကပင် အကဲဖြတ်စံချိန်စံနှုန်း များနှင့် အမှတ်ပေးစည်းမျဉ်းများကို အချိန်ယူ၍ ကြေညက်စွာလေ့လာ ထားရန်၊ အဂတိတရားအလို့ငှာပြင်ပ မှ ဆက်သွယ်စည်းရုံးခဲ့ပါက အကဲ ဖြတ်အဖွဲ့ဦးစီးကော်မတီသို့ ချက်ခြင်း သတင်းပို့ရန်၊ မိမိတာဝန်ယူအကဲဖြတ် သောဆုနှင့်ပတ်သက်၍ အငြင်းပွား မှုများရှိလာပါက ကျိုးကြောင်းခိုင်လုံ စွာဖြေရှင်းနိုင်စွမ်းရှိရမည်တို့ဖြစ် ကြောင်း သိရသည်။

”ဒီစည်းမျဉ်းစည်းကမ်းတွေ ကြောင့် အားရှိတာပါ။ ဘာကြောင့်လဲ ဆိုတော့ ဆုံးဖြတ်တဲ့အခါမှာ စိတ် ခံစားချက်ကို သိပ်ရှေ့တန်းတင်လို့ မရဘူး။ စည်းမျဉ်းစည်းကမ်းက ဒီလို ရှိတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်း အတိုင်းပဲ ဆရာတို့က သွားရမှာလေ။ နောက်လူတွေအတွက် ပိုကောင်း သွားရအောင်ပေါ့လေ။ ပြီးတော့ ဒီဆုကလည်း ပိုပြီးတော့ တန်ဖိုးရှိသွား အောင် သိက္ခာရှိသွားအောင်ပေါ့ လေ”လို့ အကယ်ဒမီ စည်းမျဉ်းစည်း ကမ်းနဲ့ပတ်သက်လို့ အကယ်ဒမီ ထူး ချွန်ဆုအကဲဖြတ်ဥက္ကဋ္ဌ ဦးကြည်စိုး ထွန်းကပြောပါတယ်။

လင်းအက္ခရာ
ဆက်လက်ဖော်ပြပါမည်။


LEAVE A REPLY

Please enter your comment!
Please enter your name here