ကြိုးစား အားထုတ်မှုလေးတွေ အရာထင်လာတဲ့ အချိန်ပါလို့ ဆိုတဲ့ တေးရေး ဝေကြီး

0
270

လတ်တလောပေါက်တဲ့သီချင်းဆိုရင် တေးရေးဝေကြီးရဲ့ လက်ရာတစ်ပုဒ် က ‘ဆေး’တဲ့။ ‘ဆေး…အသည်း ကွဲရင်ပျောက်တယ်ဆိုတဲ့ဆေး၊ သတိရရင် မျက်ရည်မလည်တဲ့ဆေး…ရှိရင်ပေးပြီး အဝေးကိုထွက်သွားဟေး’ ဆိုတဲ့ စာသားက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တယ်။ ရေးတဲ့သီချင်းတိုင်းပေါက်တယ် ဆိုတော့ တေးရေးဝေကြီးက ရွှေလက်များရထားလေသလားလို့ မေးတော့ . . .

”ကျေးဇူးတင်ပါတယ်။ အဓိက က ကံလည်းပါပါတယ်။ ကျွန်တော့် ကြိုးစားအားထုတ်မှုလေးတွေ အရာထင်လာတဲ့ အချိန်လေးပေါ့နော်။ အဲဒီ တော့ နောက်ထပ်အရာထင်ဖို့ကို ဒီအချိန်မှာ ကျွန်တော်တို့က ထပ်ပြီးတော့ ကြိုးစားရမယ့်တာဝန်ရှိတာ ပေါ့” လို့ ဝေကြီးကပြောပါတယ်။ ဆေးသီချင်းက ကော်နီမဆိုခင် ဝေကြီးအရင်ဆိုထားတာလား၊ အွန်လိုင်းမှာလည်း ဝေကြီး ရဲ့အသံနဲ့ ဆေးသီချင်းကပျံ့နေတယ်နော်လို့ဆိုတော့ . . .

”အမှန်တကယ်တော့ မကော် မဆိုမီ ကျွန်တော်ဆိုထားတာတော့မဟုတ် ဘူးပေါ့နော်။ မကော်ကိုပေးပြီးတဲ့အချိန်မှာ စတိတ်ရှိုးတစ်ခုမှာ Live လေးလွှင့် ဖြစ်သွားတယ်။ အဲဒါ လေးကပေါက်ပြီးတော့ ပရိသတ်တွေက Cover တွေဆို ကြတယ်။ အဲဒီအပေါ်မှာ FM တစ်ခုမှာ အင်တာဗျူး သွားတော့ နည်းနည်း လောက်ဆိုပြပါဆိုလို့ ကျွန်တော်အဲဒါလေးကို ဃ့သမကျ ပိုဒ်လေးဆိုပြလိုက်တာ။ အဲဒီလိုရှိတယ်။ မကော်ကို ဒီသီချင်းပေးထားတာ တစ်နှစ်ကျော်လောက်ကြာ ပြီ။ မကော်ကလည်း စိတ်တိုင်းကျအောင်အေးအေးဆေးဆေးလုပ် ပြီးတော့မှ ထွက်ဖြစ်တဲ့ သီချင်းလေးဆိုတော့ ဒီသီချင်းလေးက တစ်နှစ်ကျော်လောက် ကြာပါပြီ” လို့ ဝေကြီးကပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here