မြန်​မာသံစဉ်​နဲ City FM က ပေးတဲ့ဆုနှစ်​ဆုရရှိတဲ့အတွက် တအားပျော်​မိတယ်​ဆိုတဲ့ ​ဖိုးသောကြာ

0
374

City FM ကပေးတဲ့ ရောင်းအားအကောင်းဆုံး မြန်​မာသံစဉ်​အဆိုတော်​ဆုနဲ့ ထုတ်​လုပ်​သူဆုကိုပါ နှစ်ခုစလုံးရရှိပိုင်ဆိုင်သွားတဲ့ အဆိုတော်ကတော့ ဖိုးသောကြာပါ။ ဆုရရှိသွားတဲ့အတွက်​ ရင်​တွင်းခံစားချက်​တွေကိုလည်း ဖိုးသောကြာက အခုလိုပြောပြခဲ့ပါတယ်​ . . .

”ဆုရတဲ့အတွက်​ ဝမ်းသာတယ်။ နောက်​ထပ်​ ထုတ်​လုပ်​သူဆုပါ ထပ်​ရတဲ့အတွက်​ ပိုပြီးဝမ်းသာတယ်။ အခွေ တစ်​ခွေထွက်​ဖို့က သိန်းရာကျော်​ကုန်​တာ။ ပွင့်​ပွင့်​လင်းလင်းပြောရရင်​ ပိုက်​ဆံမရှိဘူး။ ပိုက်​ဆံကို ခြစ်​ခြုတ်စုပြီးတော့ အခွေတစ်​ခွေထုတ်​ရတာ။ အခွေတစ်​ခွေထွက်​ဖို့ ပွဲတွေမှာ သီချင်းဆိုလိုက်​၊ အခွေလေးလုပ်​လိုက်​နဲ့ ပိုက်​ဆံတွေစုစုပြီးတော့ အခွေတစ်​ခွေထုတ်​ရတာ။ အခွေတစ်​ခွေထွက်​ရင်​ ပိုက်​ဆံက အများကြီးရှုံး တာ။ ရှုံးလို့ အခွေမလုပ်​ဘူးဆိုပြီး နေလို့လည်း မရဘူး။ ခေတ်က Digital ခေတ်​ကို ပြောင်းလာတာဖြစ်​တဲ့အတွက်​အခွေနဲ့ သီချင်းနားထောင်​တယ်​ဆိုတာ အင်​မတန်​ရှားတယ်​။ ဖုန်းထဲကနေပဲ အလွယ်​ဖွင့်​ပြီးတော့ Youtube က နေကြည့်​ကြတယ်​။ အခုလိုမျိုး အခွေတွေနဲ့ သီချင်းတွေကိုသိပ်​နားမထောင်​ကြပေမယ့်​လည်း ဆုရရှိသွား တဲ့အတွက်​ အတိုင်းမသိ ပျော်​ရွှင်​မိပါတယ်’​’လို့ ပြောပြခဲ့ပါတယ်။

အခွေတစ်​ခွေထွက်​တယ်​ဆိုတာ အနုပညာ မှတ်​တိုင်​အနေနဲ့ လုပ်​ကြတယ်​ဆိုတာကိုလည်း ဖိုးသောကြာက . . .

”အခွေတစ်​ခွေက ကိုယ်​တိုင်ထုတ် လေ ပိုက်​ဆံကုန်​လေပဲ။ ပြန်​ရဖို့ဆိုတာမရှိဘူး။ အနုပညာမှတ်​တိုင်​အရ လုပ်​ကြတာပဲရှိတော့တယ်​။ အခုနောက်​ပိုင်းမှာ မြန်​မာသံက ထုတ်​လုပ်​မှုလည်း နည်းလာတယိ။ စီးပွားရေးအရ ရှုံးတဲ့အတွက်​ မထုတ်​လုပ်​နိုင်​တော့ဘူး။ မြတ်​ရင်​တော့ လူတိုင်းထုတ်​မှာပဲ။ အနုပညာရှင်​တိုင်းက သူတို့အနုပညာ ခရီးလမ်းရဲ့ မှတ်​တိုင်​တစ်​ခု၊ မှတ် ကျောက်​တစ်​ခုအနေနဲ့အခွေထွက်​ကြတာပဲရှိတယ်”လို့ ပြောပြခဲ့ပါတယ်​။ မြန်​မာသံနဲ့ ဆုရတဲ့အတွက်​ အားဖြစ်​တဲ့ လူငယ်​တွေ အများကြီး တွေ့ရတယ်​။ ကိုကြီးဝမ်းသာတယ်။ ကျွန်​တော်​တို့လည်း အခွေလုပ်​မယ်​ဆိုပြီး ပြောလာ တဲ့ လူငယ်​တွေအများကြီးတွေ့တယ်​။ ဒီဆုရတဲ့အတွက်​ သူ တို့တွေအားတွေ အများကြီး ရလာတာကို တွေ့ရတယ်” လို့လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း ၊

ဓာတ်​ပုံ-ဇော်​ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here