တော်တဲ့သူ အကုန်လုံးကို အကယ်ဒမီရစေချင်တဲ့ မင်းမော်ကွန်း

0
654

၂ဝ၁၉ ထဲမှာတော့ သူလက်ရှိ ရိုက်ကူးနေဆဲ ရုပ်ရှင် ဇာတ်ကားတွေလည်းရှိသလို ရုံတင်တော့မယ့် ဇာတ်ကား တွေလည်း ရှိပါတယ်လို့ အကယ်ဒမီမင်းမော်ကွန်းက ပြောပါတယ်။

”ကျွန်တော်ရိုက်ကူးထားပြီးတော့ အားရထားတဲ့ ရုပ်ရှင်ဇာတ်ကားတချို့ကို ၂ဝ၁၉ ထဲမှာ တင်ဖို့ ရှိပါတယ်။ ဥပမာဆိုလို့ရှိရင် ‘ထာဝရထက် နှစ်ဆ’ပေါ့နော်။ ပြီးရင် ‘လေးပါးကျော့ရှိန် ဝရဇိန်’ပေါ့နော်။ ကျွန်တော် တော် တော်ကြိုးစားထားတဲ့ ဇာတ်ကားလေးတွေပါ။ နောက် ပြီးတော့ ‘Rose Rider’ ဆိုရင်လည်း ကျွန်တော်တို့ အမြန်အပြီးသတ်အောင် လုပ်နေပါပြီ”လို့ မင်းမော်ကွန်းက ဆိုပါတယ်။ လက်ရှိရုံတင်နေတဲ့ ‘ထာဝရထက် နှစ်ဆ’ ရုပ် ရှင်ဇာတ်ကားကြီးက အိန္ဒိယကားကို ကော်ပီယူထား တယ်ဆိုတာတွေလည်း ကြားရတယ်။ အဲဒီအပေါ် မင်းမော်ကွန်းအနေနဲ့ ဘယ်လိုမျိုးမြင်လဲလို့ဆိုတော့…

”အဲဒါတော့ ကျွန်တော့်ကို လာငှားစဉ်တုန်းက ဒီဇာတ်ကားက ကော်ပီဆိုပြီးပြောပြီး ငှားတာတော့ မဟုတ်ဘူး။ အဲဒီ အိန္ဒိယကားကို ကျွန်တော်လည်း မကြည့် ဖူးဘူးလေ။ မသိဘူးပေါ့နော်။ အခုမှ ဒီအသံတွေထွက် နေတော့ ကျွန်တော်လည်း ဘာမှတော့ ပြောဖို့တော့ အကြောင်းမရှိပါဘူးခင်ဗျ” လို့ သူက ပြောပါတယ်။ သက် လတ်ပိုင်းအရွယ်ကို ရောက်လာတဲ့အခါ ကာရိုက်တာ ရွေးချယ်မှုအပိုင်းတွေမှာ ဘယ်လိုစဉ်းစားဖြစ်လဲလို့မေး တော့…

”အဓိကကတော့ ကျွန်တော်နဲ့ လိုက်ဖက်တဲ့ ကာရိုက် တာမျိုးပေါ့ နော်။ ကျွန်တော့်စိတ်လည်း ရင်ခုန်ရမယ်။ ပြီးတော့ ကိုယ်လည်း နေရ ထိုင်ရ ပေါ့ပေါ့ပါးပါးရှိတဲ့ ကာရိုက်တာမျိုးကို ရိုက်ကူးသွားဖို့ရှိပါတယ်” လို့ မင်းမော်ကွန်းက ဆိုပါတယ်။ မတ်လအတွင်းမှာ ကျင်းပ မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားအတွက် ရင်ခုန်သံနဲ့ ပွဲတက်ဖြစ်၊ မဖြစ်အပေါ် မေးတော့…

”တက်ဖြစ်ပါမယ် ခင်ဗျ။ အကယ်ဒမီက ကျွန်တော့် အတွက် ရင်ခုန်ရမယ့် ဇာတ်ကားမရှိပါဘူး ခင်ဗျ။ ကျွန်တော်က တော်တဲ့သူအကုန်လုံးကို ရစေချင်ပါတယ်”လို့ မင်းမော်ကွန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here