ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ တိုက်တွန်းမှုကြောင့်တရားစခန်းဝင်ခဲ့တဲ့မေသန်းနု

0
954

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူကတော့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုပါ။ သူကတော့ မကြာသေးမီကလည်း တရားစခန်းဝင်ပြီး တရားအားထုတ်ခဲ့ပါတယ်။ တရားစခန်းဝင်ဖြစ်တဲ့အကြောင်းကိုလည် ထပ်ဆင့်အကယ်ဒမီမေသန်းနုက ခုလိုပြောပြခဲ့ပါတယ်။

”တရားစခန်းက ဟိုတလောက ဝင်လိုက်ပါတယ်။ အဲဒါကတော့ မဆင့် ပထမဆုံးဝင်ဖြစ်တာပါ။ အရင်တုန်းကတော့ မဝင်ဖြစ်ပါဘူး။ ဝင်ဖြစ်တာကတော့ ဦးမောင် (စင်ရော်မောင်မောင်)က ပြောတာပေါ့။ ငါစာရင်းပေးထားတယ်တဲ့။ နင်ပူပင်သောကတွေများတယ်။ ဝင်ကြည့်ဆိုတော့ မဆင့်လည်း ဝင်ကြည့်တာပေါ့နော်။ တရားစခန်းဝင်လိုက်တော့ အရမ်းကောင်းတယ်။ မဆင့် ခြေထောက် ကျဉ်မယ်ထင်တာမကျဉ်ဘူး။ အောင်သွားတဲ့သဘောပေါ့နော်။ အဲဒါကြောင့် ဦးမောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဖြစ်ပျက်နေတဲ့ဟာတွေကို စွဲလမ်းမထားဖို့ပေါ့။ ဖြစ်ပြီးပျက်မယ်ဆိုတဲ့ အသိတရားလေးရတဲ့ ခါကျတော့ နေလို့ထိုင်လို့ ပိုကောင်းတာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးလည်း မကြာခင်မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်း သိရပါတယ်။ အနုပညာ မောင်နှမတွေကို အားပေးဖို့ အကယ်ဒမီပွဲတက်ရောက်မယ့်အကြောင်းကိုလည်း ”ဒီနှစ် အကယ်ဒမီပေးပွဲ နဲ့ပတ်သက်ပြီး ရင်ခုန်မှုကတော့ မဆင့်အတွက် ထွေထွေထူးထူးမရှိပါဘူး။ မဆင့်တို့က နှစ်တိုင်း တက်ရောက်အားပေး ချီးမြှင့်နေကျဆို တော့ ဒီနှစ်လည်း အဲ့လိုပါဘဲ။ ကိုယ်ရဲ့အနုပညာမောင်နှမတွေ အားလုံးကို အားပေးမှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဒီနှစ်မှာတော့ အကယ်ဒမီဆုအပြင် သတင်းစာဆရာများမှ ရွေးချယ်ပြီးပေးကြမယ့် Star Award ဆုလည်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ Star Award နဲ့ပတ်သက်ပြီးလည်း သူမရဲ့အမြင်ကို ခုလို ပြောပြခဲ့ပါတယ်။

”နိုင်ငံတကာမှာလည်း အဲ့လိုဆုတွေ အပြိုင်အဆိုင် ပေးကြတာရှိတာပေါ့နော်။ တစ်ခါတစ်လေကျရင် လည်း မတူရင် မတူဘူး။ တစ်ခါလေကျရင် လည်း တူချင်ရင် တူမှာပေါ့နော်။ ပရိသတ် ရဲ့အမြင် အဖွဲ့အစည်းရဲ့အမြင် အမျိုးမျိုးရှိ တာပေါ့နော်။ အပြိုင်အဆိုင်တွေ ပေါ်လာ တော့ကောင်းပါတယ်။ Star Award မှာ ဇာတ်ဝင်တေးသီချင်းဆုတွေလည်း ပေး မယ်လို့ ကြားပါတယ်။ ပေးသင့်တာ ပေါ့နော်။ ပေးမှလည်း ဇာတ်ကားနဲ့ လိုက်မှု ရှိတဲ့စာသားလေးတွဖြစ်လာမှာလေ။ ရှိပြီးသား ကို အလွယ်တကူ ယူသုံးတာကျတော့ ပေးစရာ မရှိဘူးဘေ။ အဲ့ဒီလိုဇာတ်ဝင်တေးဆု ပေးမယ်ဆိုရင် ဇာတ်ကားနဲ့လိုက်ဖက်တဲ့ တေးသီချင်းတွေ ထွက်လာမယ်။ ပိုကောင်းပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here